- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၁၉၉၀ ပြည့်လွန်ကာလများအထိ ကျော်ကြားခဲ့သော ပြင်သစ်ထုတ် Renault 5 ကို လျှပ်စစ်ကားအဖြစ် ပြန်လည်ထုတ်လုပ်တော့မည်ဖြစ်ပြီး ပေါင် ၂၅၀၀၀ ခန့်ဖြင့် ကျသင့်မည်ဖြစ်ကာ pre-order မှာနိုင်ပြီ
၁၉၉၀ ပြည့်လွန်ကာလများအထိ ကျော်ကြားခဲ့သော ပြင်သစ်ထုတ် Renault 5 ကို လျှပ်စစ်ကားအဖြစ် ပြန်လည်ထုတ်လုပ်တော့မည်ဖြစ်ပြီး ပေါင် ၂၅၀၀၀ ခန့်ဖြင့် ကျသင့်မည်ဖြစ်ကာ pre-order မှာနိုင်ပြီ
- 203 views
တခေတ်တခါက အလွန်ခေတ်စားခဲ့သော ဂန္ထဝင် Renault 5 ကို လျှပ်စစ်ကားအဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်းက နမူနာကား ချပြခဲ့ရာ Renault ပရိသတ်တို့အကြား များစွာ စိတ်လှုပ်ရှားခဲ့ ကြရသည်။
၁၉၇၀ ပြည့်လွန် အလယ်ပိုင်းကာလများမှသည် ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများအထိ အထင်ကရ ဖြစ်ခဲ့သောကားကို ခေတ်ဟောင်းပုံစံဖြင့် ပြန်လည်ထုတ်လုပ်မည်လားဟူသော မေးခွန်းပေါ်ပေါက်သည်။
ယခုအခါ ပြင်သစ်ကုမ္ပဏီက Renault 5 ကို အမှန်တကယ်ထုတ်လုပ်တော့မည်ဖြစ်ရာ အဆိုပါကား စွဲလန်းခဲ့ သူတို့အတွက် ဝမ်းမြောက်ဖွယ်ပင်။
၂၁ ရာစုတွင် လျှပ်စစ်ကားအဖြစ် ပြန်လည်မွေးဖွားလာသော Renault 5 hatchback သည် လာမည့်နှစ် ယခုအချိန်ဆိုလျှင် လမ်းများပေါ်တွင် တွေ့မြင်ရတော့မည်ဖြစ်သည်။
Renault 5 E-Tech ကို ဂျီနီဗာ ကားပြပွဲတွင် တရားဝင် ပွဲထုတ်ခဲ့ပြီး ယခုအခါ pre-order မှာယူနိုင်ပြီဖြစ်ကာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖြန့်ချိမည်ဟု မျှော်လင့်ရသည်။
ခေတ်ဟောင်းပုံစံနှင့် မော်ဒန် မွမ်းမံမှုတို့ ပေါင်းစပ်ထားသော Renault 5 လျှပ်စစ်ကား၏ ဈေးနှုန်းမှာ ပေါင် ၂၅၀၀၀ ဝန်းကျင်မှ စတင်မည်ဖြစ်ပြီး အားအပြည့်သွင်းထားလျှင် မိုင် ၂၅၀ နီးပါး မောင်းနှင်နိုင်သည်။
(Renault 5 E-Tech သည် ပေါင် ၂၅၀၀၀ ခန့်မှ စတင်မည်ဖြစ်ပြီး အားအပြည့်သွင်းထားလျှင် ၂၄၈ မိုင် မောင်းနှင်နိုင်သည်။)
(Ray Massey ကို ဂျီနီဗာ ကားပြပွဲတွင် Renault 5 E-Tech ကားသစ်နှင့်အတူ တွေ့ရပုံ။)
၁၉၇၂ ခုနှစ်က အရောင်းရဆုံးဖြစ်ခဲ့သော ကားနှင့် အများစုတူညီမည်ဖြစ်ပြီး E-Tech မှာ ကားငယ်အဖြစ် ထုတ်လုပ်မည်ဖြစ်ကာ ကုန်ကျစရိတ်သက်သာလိုသော ဝယ်လက်များအား ပစ်မှတ်ထားသည်။
ယခင်ကားများနှင့် မတူသည့်အချက်မှာ လျှပ်စစ်ကားအဖြစ် ထုတ်လုပ်ခြင်း ဖြစ်သည်။
Renault 5 E-Tech တွင် ၂ လမ်းသွား အားသွင်းစနစ် ပါဝင်မည်ဖြစ်ရာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အားသွင်းခြင်းအပြင် နေအိမ်မီးပေးရန်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။
ရှေ့တံခါး၏ အလယ်ပိုင်းတွင် Renault အမှတ်တံဆိပ်ရှိပြီး ကားနောက်ပိုင်းတွင်မူ တံဆိပ်မရှိဘဲ Renault 5 ဟူသော စာတန်းသာ ပါဝင်သည်။
ဘက်ထရီနှင့် မော်တာတို့ အအေးဓာတ်ရရန်အတွက် ရှေ့ဗန်ပါတွင် ကြီးမားသော လေဝင်ပေါက်၊ LED ရှေ့မီးကြီးများနှင့် ရှေ့တံခါးတွင် သမားရိုးကျ တံခါးလက်ကိုင်တို့ ရှိသည်။
နောက်တံခါးတွင်မူ တံခါးလက်ကိုင်များ ဖျောက်ထားသည်။
အားသွင်းရန်နေရာမှာ ရှေ့ဘီးအနီးတွင် တည်ရှိသည်။
(ကားဒီဇိုင်းမှာ ၂၀၂၁ ခုနှစ်က ချပြခဲ့သော နမူနာကားနှင့် ၉၅ ရာခိုင်နှုန်း တူညီမည်ဖြစ်ကြောင်း Renault က ထုတ်ပြန်သည်။)
(ပန်းစီးထားရန် နေရာ။)
(ရုပ်ရှင်မင်းသမီး Joanna Lumley ကို လန်ဒန်မြို့ရှိ နေအိမ်အပြင်ဘက်တွင် Renault 5 ကားရေဆေးနေ သည်ကို တွေ့ရပုံ။)
(၁၉၈၃ ခုနှစ်က ရုံတင်ခဲ့သော ဂျိမ်းစ်ဘွန်းရုပ်ရှင် Never Say Never Again တွင် ရုပ်ရှင်မင်းသမီး Barbara Carrera ကို Renault 5 ကားဖြင့် တွေ့ရပုံ။)
(Renault အမှတ်တံဆိပ်မှာ ကားရှေ့ပိုင်းနှင့် အလယ်တွင်ပါပြီး ရှေ့မီးကြီးမှာ LED ဖြစ်သည်။)
(ရှေ့မီးတွင် 5 ဟူသော စာလုံး ထည့်သွင်းထားသည်။)
(ကားခေါင်းခန်းမှ Google Infotainment စခရင် )
(ထိုင်ခုံများမှာ ပစ္စည်းဟောင်းများအား Recycle အဖြစ် ပြန်လည် အသုံးပြု ထုတ်လုပ်ထားသည်။)
(တံခါးအတွင်းပိုင်း )
((Renault 5 E-Tech ၏ Specification))
ဈေးနှုန်း- ပေါင် ၂၅၀၀၀
ရောင်းချမှု- ယခုအခါ pre-order မှာယူနိုင်၊ ပေါင် ၁၅၀ သွင်းထားလျှင် ဦးစားပေးအဆင့်ရမည်
အစောဆုံး ရနိုင်မည့်ကာလ- ၂၀၂၅ နှစ်ဆန်း
ထိုင်ခုံ- ၅
အလျား- ၃၉၂၂ မီလီမီတာ၊ ဗျက်- ၁၈၀၈ မီလီမီတာ၊ အမြင့်-၁၄၉၉ မီလီမီတာ၊ wheelbase -၂၅၄၁ မီလီမီတာ
အလေးချိန်- ၁၃၇၂ ကီလိုဂရမ်မှ ၁၄၅၆ ကီလိုဂရမ်
Wheel size: 18-inch horsepower (on Disco, Techno and Chrome trim)
Battery-size: 40 kW and 52kW
မောင်းနိုင်မည့်ခရီး- 40kW ဘက်ထရီဖြင့် ၁၈၆ မိုင်ကျော်နှင့် 52kW ဘက်ထရီဖြင့် ၂၄၈ မိုင်ကျော်
လျှပ်စစ်မော်တာနှင့် ပါဝါ-90kW (120bhp) and 110kW (150bhp)
အမြန်နှုန်းတင်နိုင်စွမ်း- 0 to 62: 90kW - 9 seconds and 110kW 7.9 seconds
အမြင့်ဆုံးမြန်နှုန်း- 93mph
Drive: ရှေ့ယက် (နောက်ယက် ထုတ်ရန် အစီအစဉ်မရှိ)
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု- Zero
Towing: 500kgs
Boot: 326 litres
အားအပြည့်သွင်းခြင်း- 11kW AC wallbox: 40kW - 3.5 hours, 52kW - 4.5 hours
၈၀ ရာခိုင်နှုန်းအထိ အားသွင်းခြင်း- 100kW DC rapid charging: 40kW - 29 minutes 52kW - 31 minutes
ကိုယ်ထည်အရောင် - ၅ ရောင် (Yellow Pop နှင့် Green Pop တို့ ပါဝင်)
UK trim levels: Evolution, Techno, Iconic 5 and (sporty) Roland Garros
Features: ChatGPT, Bi-directional charging to feed electricity back to home or grid and electric car pedestrian warning sound by composer Jean-Michel Jarre
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Renault 5 reborn - icon returns as a £25,000 electric car with retro looks (dailymail)
Photo Credit: dailymail