- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla Roadster ၏ ဒုတိယမျိုးဆက် လျှပ်စစ်ပြိုင်ကားကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်သို့တင်ပို့မည် ဖြစ်ပြီး 0-60 mph အမြန်နှုန်းကို ၁ စက္ကန့်အောက်ဖြင့် ရရှိနိုင်ကြောင်း Elon Musk ပြော
Tesla Roadster ၏ ဒုတိယမျိုးဆက် လျှပ်စစ်ပြိုင်ကားကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်သို့တင်ပို့မည် ဖြစ်ပြီး 0-60 mph အမြန်နှုန်းကို ၁ စက္ကန့်အောက်ဖြင့် ရရှိနိုင်ကြောင်း Elon Musk ပြော
- 271 views
Tesla ၏ ဒုတိယမျိုးဆက် Roadster လျှပ်စစ်ပြိုင်ကားသည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ထွက်ရှိလာမည်ဖြစ်ပြီး ၂ ယောက်စီးဖြစ်ကာ အလွန်လျင်မြန်မည်ဖြစ်ကြောင်း Elon Musk က ပြောသည်ဟု Daily Mail သတင်းတစ်ရပ် တွင် ဖော်ပြသည်။
Tesla ၏ စီအီးအိုက X လူမှုကွန်ရက် (ယခင်အမည် တွစ်တာ) တွင် ကြေညာခဲ့သည်မှာ Roadster ကားသစ် သည် တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ၁ စက္ကန့်အောက်ဖြင့် ရရှိနိုင်ကြောင်း ကြေညာထားသည်။
Elon Musk က ဆက်လက်ပြောကြားသည်မှာ ဤကားကဲ့သို့ အခြားကားမျိုး မည်သည့်အခါမှ ရှိလိမ့်မည် မဟုတ်ကြောင်း ၊ မယုံနိုင်ဖွယ် အမြန်နှုန်းမြှင့်တင်နိုင်စွမ်းမှာ စိတ်ဝင်စားဖွယ် ကောင်းကြောင်း ပြောကြားသည်။
(Tesla Roadster သည် သမိုင်းတလျှောက် အမြန်နှုန်းတင်နိုင်မှု အမြန်ဆန်ဆုံးကား ဖြစ်လာမည်လော။)
၎င်းက ဆက်လက်ပြောကြားသည်မှာ ဤကားသည် Tesla နှင့် Space X တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထုတ်လုပ်မည်ဟု ဆိုသည်။
ထုတ်လုပ်မှု ဒီဇိုင်း အပြီးသတ်ထားပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ဖော်ပြသမည်ဖြစ်ကာ ဝယ်ယူသူများထံ ၂၀၂၅ ခုနှစ်တွင် ဖြန့်ချိရန် ရည်မှန်းထားကြောင်းလည်း Elon Musk က ပြောသည်။
(Tesla ၏ စီအီးအိုက Tesla Roadster 2 နှင့် စပ်လျဉ်းပြီး ရဲဝံ့သည့် ကြေညာချက်များစွာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ က X လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ )
(Tesla Roadster ၏ ဒီဇိုင်းရည်မှန်းချက် မြှင့်တင်ခဲ့ကြောင်း Elon Musk က ပြောသည်။)
(Tesla Roadster သည် ကမ္ဘာပေါ်တွင် အမြန်နှုန်းမြှင့်တင်မှု အမြန်ဆန်ဆုံးကား ဖြစ်လာမည်ဖြစ်ပြီး လက်ရှိ အမြန်ဆုံးကားမှာ Rimac Nevera လျှပ်စစ်ပြိုင်ကားဖြစ်သည်။ ထိုကားမှာ တစ်နာရီ ၆၂ မိုင် အမြန်နှုန်းကို ၁ ဒသမ ၈၅ စက္ကန့်အတွင်း ရရှိနိုင်သော်လည်း ဈေးနှုန်းမှာ ပေါင် ၂ သန်းကျော် ကျသင့်နေသည်။)
(ခရိုအေးရှားထုတ် Nevera မှာ အမြန်နှုန်းမြှင့်တင်မှု မယုံနိုင်ဖွယ် မြန်ဆန်လှပြီး စံချိန် ၂၃ ခု တင်ထားသည်။)
(ဤကားကဲ့သို့ အခြားကား မည်သည့်အခါမှ ရှိလာမည်မဟုတ်ကြောင်း Elon Musk က ပြောသည်။)
(Tesla Roadster 2 သည် ပေါင် ၂၀၀၀၀၀ ခန့် ကျသင့်မည် ဖြစ်ပြီး Rimac Nevera ၏ ဈေးနှုန်းအောက် ၁၀ ပုံ ၁ ပုံသာရှိသည်။)
လွန်ခဲ့သော ၇ နှစ်က Elon Musk ပြောခဲ့သည်မှာ Tesla Roadster 2 သည် တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ၁ ဒသမ ၉ စက္ကန့်အတွင်း ရရှိနိုင်ကြောင်း ပြောခဲ့သည်။
တစ်နာရီ မိုင် ၁၀၀ အမြန်နှုန်းကို ၂ ဒသမ ၃ စက္ကန့်အတွင်း ရရှိမည်ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီ မိုင် ၂၅၀ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
အကယ်၍ Tesla Roadster 2 သည် Tesla ၏ စီအီးအိုပြောသည့်အတိုင်း တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ၁ စက္ကန့်အောက်ဖြင့် ရရှိမည်ဆိုပါက ကမ္ဘာပေါ်တွင် အရှိန်မြှင့်တင်မှု အမြန်ဆုံးကားဖြစ်လာမည် ဖြစ်သည်။
(Elon Musk ကို ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၁၆ ရက်က Tesla Roadster 2 နှင့်အတူ တွေ့ရပုံ။)
(၂၀၁၇ ခုနှစ်အတွင်းကမူ Elon Musk ပြောခဲ့သည်မှာ Tesla Roadster 2 သည် တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ၁ ဒသမ ၉ စက္ကန့်အတွင်း ရရှိနိုင်ကြောင်း ပြောခဲ့သည်။)
(Tesla Roadster 2 ကို ၂၀၂၅ ခုနှစ်တွင် စတင်ရောင်းချမည် ဖြစ်သည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Elon Musk says the new Tesla Roadster will be unveiled later this year will go from 0-60mph in less than ONE SECOND (dailymail)
Photo Credit: Tesla