- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla နှင့် တိုယိုတာတို့ ပူးပေါင်းထုတ်လုပ်ထားသော Toyota RAV4 EV ဗားရှင်း မော်တော်ကား
Tesla နှင့် တိုယိုတာတို့ ပူးပေါင်းထုတ်လုပ်ထားသော Toyota RAV4 EV ဗားရှင်း မော်တော်ကား
- 491 views
တိုယိုတာသည် ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းကာလများကတည်းက လျှပ်စစ်ကား လောကအတွင်း ဝင်ရောက်ခဲ့ သည့်အကြောင်းကို သိရှိသူ နည်းပါးသည်။
ထိုသို့ လျှပ်စစ်ကားနယ်ပယ်သို့ အစောဆုံးခြေချခဲ့သူဖြစ်ခြင်းကြောင့်လည်း Tesla ၏ အခိုင်မာဆုံး မိတ်ဖက်များ တွင် ပါဝင်လာခြင်းလည်း ဖြစ်သည်။
တိုယိုတာနှင့် Tesla ကြားတွင် လှပသော မိတ်သင်္ဂဟ ဇာတ်ကြောင်းရှိသည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
ဂျပန်မှ ထိပ်သီး ကားကုမ္ပဏီကြီး တိုယိုတာသည် အမေရိကန်ကားကုမ္ပဏီ Tesla ကို ၂၀၁၀ တွင် Tesla က စတော့ဈေးကွက်သို့ မဝင်မီနှင့် ဝင်ရောက်ပြီးနောက်ပိုင်း အကူအညီများစွာ ပေးခဲ့သည်။
ထွန်းသစ်စ EV ကုမ္ပဏီ Tesla အား တိုယိုတာက ငွေကြေးထောက်ပံ့ကူညီမှုများစွာ ပေးခဲ့သည်။
Mercedes-Benz ၏ ကုမ္ပဏီဖြစ်သော Daimler ကလည်း ၂၀၀၉ ခုနှစ်အတွင်း Tesla တွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ ပြုလုပ်ထားရာ ရှယ်ယာ ၁၀ ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်ထားသည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
တိုယိုတာနှင့် Tesla တို့ ပူးပေါင်းကာ RAV4 ကို Tesla ၏ ပထမဆုံး Model S ၏ Powertrain တို့ အသုံးပြုကာ ထုတ်လုပ်ခဲ့ကြသည်။
RAV4 EV သည် Tesla ၏ powertrain နှင့် Panasonic မှ ထုတ်လုပ်သော ဘက်ထရီတို့ကို တိုယိုတာ၏ အောက်ခံကိုယ်ထည်တွင် ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
တိုယိုတာနှင့် Tesla တို့က Corolla တွင် စမ်းသပ်လိုသော်လည်း ဘက်ထရီနှင့် မော်တာများမှာ အတော်ကြီး လွန်းနေသည်။
Lexus RX ကိုပင် လျှပ်စစ်ကား ပြောင်းလဲရေးအတွက် စဉ်းစားခဲ့ကြသေးသည်။
သို့သော် အကောင်အထည် မဖော်ဖြစ်ခဲ့။
(ဓာတ်ပုံ-autoevolution)
ပထမဆုံး Toyota RAV4 မှာ ဂျပန်တွင် ၁၉၉၄ ခုနှစ်၌ စတင်ထွက်ရှိခဲ့သည်။
တရုတ်ပြည်တွင်လည်း မိတ်ဆက်ခဲ့သည်။
သို့သော် တရုတ်ပြည်တွင် ဖက်စပ်ကုမ္ပဏီအနေဖြင့် လည်ပတ်လျက်ရှိရာ တရုတ်တွင် Guangtong GTQ6440 ဟူသော အမည်ဖြင့် ဖြန့်ချိခဲ့သည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
နောက် ၂ နှစ်အကြာတွင် အမေရိကန်ရှိ အရောင်းပြခန်းများသို့ ရောက်လာသည်။
၁၉၉၇ ခုနှစ်တွင်မူ တိုယိုတာက RAV4 ကို လျှပ်စစ်ကားအဖြစ်သာ ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
27-kWh nickel-metal hydride ဘက်ထရီ တပ်ဆင်ထားပြီး ရှေ့ဝင်ရိုးရှိ လျှပ်စစ်မော်တာကို အားပို့ပေးကာ ဆွဲအား ၆၇ hp နှင့် ရုန်းအား ၁၄၀ lb-ft (190Nm) ရှိသည်။
60 mph အမြန်နှုန်းသို့ ရောက်ရန် ၁၈ စက္ကန့် အချိန်ယူရသည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
ကားအလေးချိန်မှာ ၃၄၄၀ ပေါင် (၁၅၆၀ ကီလိုဂရမ်) ရှိပြီး အလျား ၁၅၆ ဒသမ ၇ လက်မ၊ ဗျက် ၆၆ ဒသမ ၇ လက်မနှင့် အမြင့် ၆၄ ဒသမ ၄ လက်မ ရှိသည်။
Wheelbase မှာ ၉၄ ဒသမ ၉ လက်မ ဖြစ်သည်။
(ဓာတ်ပုံ-DelicaFan on Cars&Bids)
(ဓာတ်ပုံ-DelicaFan on Cars&Bids)
(ဓာတ်ပုံ-DelicaFan on Cars&Bids)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: This All-Electric Toyota RAV4 Existed Before Tesla Was a Thing, Still Runs and Charges
(autoevolution)
Photo Credit: autoevolution, DelicaFan on Cars&Bids