- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာတို့ စုံတွဲကို Tesla ထုတ် Cybertruck လျှပ်စစ်ကားနှင့် လော့စ်အိန်ဂျလိတွင် တွေ့ရှိရမှုအပေါ် ပိုင်ရှင်ဟုတ်မဟုတ် ငြင်းခုံမှုများ အွန်လိုင်းတွင်ပေါ်ပေါက်
ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာတို့ စုံတွဲကို Tesla ထုတ် Cybertruck လျှပ်စစ်ကားနှင့် လော့စ်အိန်ဂျလိတွင် တွေ့ရှိရမှုအပေါ် ပိုင်ရှင်ဟုတ်မဟုတ် ငြင်းခုံမှုများ အွန်လိုင်းတွင်ပေါ်ပေါက်
- 722 views
Tesla ထုတ် လျှပ်စစ်ကားဖြစ်သော Cybertruck သည် တံခါးလက်ကိုင် မပါခြင်းအပါအဝင် ဝေဖန်မှုများစွာ ရင်ဆိုင်ရလျက်ရှိသော်လည်း ကမ္ဘာကျော်ပုဂ္ဂိုလ်အများအပြား ထိုကားကို ဝယ်ယူထားကြသည်။
Cybertruck ဝယ်ယူထားသူများအနက် ရုပ်ရှင်မင်းသားများ၊ ရုပ်သံအကျော်အမော်များ၊ အားကစားသမားများ၊ အဆိုတော်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည်။
အဆိုတော် လေဒီဂါဂါ၊ အမေရိကန် တေးထုတ်လုပ်သူ ဖရဲလ် ဝီလျံစ်၊ တင်းနစ်ကြယ်ပွင့် ဆရီနာ ဝီလျံစ်နှင့် ခင်ပွန်းဖြစ်သူ အလက်ဇစ် အိုဟာနီယန်၊ အမေရိကန် ရုပ်သံတင်ဆက်သူ ဂျေးလီနို၊ စူပါမော်ဒယ် ကင်မ် ကာဒါရှီယန်နှင့် အမေရိကန်ရက်ပ်အဆိုတော် ဂျေးဇီတို့ အပါအဝင် ဖြစ်သည်။
(ဓာတ်ပုံ-Tesla)
Cybertruck ဖြင့် တွေ့ရသူများတွင် ဂျပ်စတင်ဘီဘာလည်း ပါဝင်လာသည်။
ဂျပ်စတင်ဘီဘာအကြောင်း ယခုလများအတွင်း မည်သည့်သတင်းမှ မကြားရ။
အနုပညာလှုပ်ရှားမှုများ မရှိဘဲရပ်တန့်ထားသည်။
ဂျပ်စတင်ဘီဘာမှာ ကားဝါသနာအိုးတစ်ဦးဖြစ်ပြီး ကားပေါင်းများစွာ ဝယ်ယူပိုင်ဆိုင်ထားသည်။
သို့သော် တခါတရံတွင် မည်သည့်ကား မည်သည့်နေရာတွင် ရပ်ခဲ့သည်ကိုပင် မမှတ်မိချေ။
ယခုရက်သတ္တပတ်အစောပိုင်းက ဂျပ်စတင်ဘီဘာနှင့် ဇနီးဖြစ်သူ ဟိုင်လေဘီဘာတို့ လော့စ်အိန်ဂျလိရှိ ဘုရားကျောင်းတစ်ခုသို့ Tesla ထုတ် Cybertruck နှင့် ရောက်ရှိလာသည်ကို တွေ့ရသည်။
၎င်းတို့ဇနီးမောင်နှံ ကားရပ်လိုက်ချိန်တွင် သတင်းမုဆိုးများ စုအုံလာသည်။
Tesla ကားစိတ်ဝင်စားသူတို့အကြား အွန်လိုင်းတွင် လက်ရှိအားဖြင့် ငြင်းခုံလျက်ရှိသည်မှာ ဂျပ်စတင်ဘီဘာမှာ Cybertruck ကို နှစ်သက်သူ မဖြစ်နိုင်ကြောင်း ပြောဆိုလျက်ရှိသည်။
ထို့အပြင် ဂျပ်စတင်ဘီဘာမှာ အဆိုပါ Cybertruck ၏ ပိုင်ရှင်ပင် မဖြစ်နိုင်ကြောင်းလည်း ပြောဆိုလျက်ရှိသည်။
ကားအတွင်းပိုင်း လေကာမှန်တွင် ကပ်ထားသော စာရွက်စာတမ်းအရ ယခုကားမှာ ငှားရမ်းထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျပ်စတင်ဘီဘာသည် ကားကို မဝယ်မီ စမ်းသပ်မောင်းနှင်ကြည့်ခြင်း ဖြစ်နိုင်သကဲ့သို့ လော့စ်အိန်ဂျလိ မြို့တခွင် ကြော်ငြာသည့်အနေဖြင့် စမ်းသပ်မောင်းနှင်ပေးရန် Tesla က ဂျပ်စတင်ဘီဘာအား အခကြေးငွေ ပေးကာ ငှားရမ်းခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
Tesla အနေဖြင့် ဤကားကို နှစ်နှင့်ချီကာ ကြော်ငြာထားခဲ့ပြီးဖြစ်သည့်အပြင် လူသတင်းလူချင်းဆောင်ခြင်းများ အပါအဝင် အွန်လိုင်းတွင်လည်း များစွာပျံ့နှံ့ခဲ့ပြီးဖြစ်ရာ ထပ်မံအထူးကြော်ငြာနေရန် မလိုသည့်အပြင် စတင် ရောင်းချချိန်မှစကာ အရောင်းရဆုံးကားစာရင်းတွင် ပါဝင်ခဲ့ပြီးလည်း ဖြစ်သည်။
သို့သော် ဂျပ်စတင်ဘီဘာကဲ့သို့ ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်တစ်ဦးက မောင်းနှင်ပြခြင်းအားဖြင့် ကားဝယ်ရန် ချင့်ချိန်နေသူတို့အား ဆုံးဖြတ်ချက်ချနိုင်ရန် တွန်းအားတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလော။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Justin Bieber Officially Joins the Celebrity Cybertruck Owners Club (autoevolution)
Photo Credit-Tesla