• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • စတိုးဆိုင်ဝန်ထမ်း၊ ကားဝယ်ရောင်းသမားဘဝများမှတဆင့် ဈေးဝယ်စင်တာကြီးများ ပိုင်ဆိုင်သော အိမ်ခြံမြေ သူဌေးကြီးဖြစ်လာသူ အမေရိကန်လုပ်ငန်းရှင် Manny Khoshbin က Mercedes မှ ထုတ်လုပ်မည့် ပြိုင်ကားကို ကြိုတင်ငွေပေးသွင်း မှာယူထားသည်မှာ ၇ နှစ်ရှိပြီဖြစ်သော်လည်း ယနေ့တိုင်မရသေး၊ ကားရရှိပါကလည်း တစ်နှစ်လျှင် မိုင် ၂၅၀၀ သာ စီးခွင့်ရှိမည်ဟုဆို

စတိုးဆိုင်ဝန်ထမ်း၊ ကားဝယ်ရောင်းသမားဘဝများမှတဆင့် ဈေးဝယ်စင်တာကြီးများ ပိုင်ဆိုင်သော အိမ်ခြံမြေ သူဌေးကြီးဖြစ်လာသူ အမေရိကန်လုပ်ငန်းရှင် Manny Khoshbin က Mercedes မှ ထုတ်လုပ်မည့် ပြိုင်ကားကို ကြိုတင်ငွေပေးသွင်း မှာယူထားသည်မှာ ၇ နှစ်ရှိပြီဖြစ်သော်လည်း ယနေ့တိုင်မရသေး၊ ကားရရှိပါကလည်း တစ်နှစ်လျှင် မိုင် ၂၅၀၀ သာ စီးခွင့်ရှိမည်ဟုဆို

  • 372 views

(မန်နိ ကို့ရှ်ဘင် ဘဝဇာတ်ကြောင်း)

မန်နိ ကို့ရှ်ဘင် (Manny Khoshbin) သည် အီရန်တွင် မွေးဖွားပြီး အမေရိကန်ပြည်ထောင်စုတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။

အမေရိကန်တွင် မန်နိကို မကြားဖူးသူမရှိသည်အထိ ကျော်ကြားသူ ဖြစ်သည်။
ဆင်းဆင်းရဲရဲဘဝမှ တစ်နိုင်ငံလုံးတွင် ကျော်ကြားသည့် အိမ်ခြံမြေသူဌေးှကြီးဖြစ်လာသူ မန်နိ၏ ဘဝမှာ စိတ်ဝင်စားဖွယ်ကောင်းပြီး ဆင်းရဲနွံမှ ရုန်းထွက်ရန် ကြိုးစားနေသူများအတွက် စိတ်ခွန်အားတစ်ရပ်လည်း ဖြစ်သည်။

မန်နိသည် ဆင်းရဲလှသော ဘဝတွင် ခက်ခဲစွာရုန်းကန်ခဲ့ရသူဖြစ်သည်။
သူ၏ မိသားစုမှာ စားဝတ်နေရေးအတွက်ပင် အနိုင်နိုင် ရပ်တည်ခဲ့ရသည်။
မန်နိသည် Kmart တွင် စတိုးဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ကားအရောင်းအဝယ်လောက သို့ ဝင်ရောက်ခဲ့သည်။

နောက်ဆုံးတွင် အိမ်ခြံမြေလောကသို့ ခြေချခဲ့သည်။အိမ်ခြံမြေပညာရပ်များ သင်ကြားပို့ချသူ Mike Ferry ထံတွင် အိမ်ခြံမြေလောကအကြောင်း လေ့လာခဲ့ကာ အောင်မြင်မှုရရန် ကြိုးပမ်းခဲ့သည်။
မန်နိက လူမှုကွန်ရက်၏ စွမ်းပကားကို ကောင်းစွာသဘောပေါက်သည်။

YouTube နှင့် အင်စတာဂရမ်တို့ကို အသုံးပြုပြီး သူ၏ ဗဟုသုတများ၊ အတွေ့အကြုံများကို မျှဝေသည့်အပြင် သန်းပေါင်းများစွာသော follower များအား စိတ်ခွန်အားတက်စေမည့် အကြောင်းရပ်များကိုလည်း မျှဝေပေး သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် သူ၏ ကျော်ကြားမှုကို တည်ဆောက်နိုင်ရုံမျှမက အလုပ်အကိုင် လက်တွဲ ဆောင်ရွက်လာကြမည့် အခွင့်အလမ်းများလည်း သူ့အတွက် ပေါ်ပေါက်စေခဲ့သည်။

၂၀၂၁ ခုနှစ်အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၁၀ ခန့်ရှိသည်ဟု ခန့်မှန်းထား သည်။ 

အဓိကအားဖြင့် အိမ်ခြံမြေလုပ်ငန်းနယ်ဖြင့် ချမ်းသာလာခြင်းဖြစ်သည်။
မန်နိသည် ကာလပေါက်ဈေးအောက်နည်းပါးသော အိမ်ခြံမြေများကို ဝယ်ယူကာ အမြတ်အစွန်းရရှိခဲ့သည်။

((မန်နိမှာယူထားသော Mercedes AMG One ပြိုင်ကား ဘာကြောင့်ခုထိ မရသေးတာလဲ))

အိမ်ခြံမြေသူဌေးကြီး မန်နိ ကို့ရှ်ဘင်သည် ၂၀၁၇ ခုနှစ်အတွင်း Mercedes AMG One ကားတစ်စင်း မှာယူခဲ့ သည်။

ကြိုတင်ငွေ ပေးသွင်းမှာယူထားသည်မှာ ၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မရသေး။

အများပြည်သူသုံး လမ်းများပေါ်တွင် မောင်းနှင်ခွင့်ရှိသောအဆင့် ထုတ်လုပ်မည့် Mercedes AMG One ကို မန်နိ မည်သည့်အချိန်တွင် ရရှိမည်နည်း။
Mercedes က အဆိုပါမော်ဒယ်၏ နမူနာကားကို ၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့သော ဖရန့်ဖတ် ကားပြပွဲတွင် စတင်ပွဲထုတ်ပြသခဲ့ပြီး ကြိုတင်အမှာစာများလည်း စတင်လက်ခံခဲ့သည်။

ယင်းနောက် ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်မှုအဆင့် မော်တော်ကားကို ချပြခဲ့ပြန်သည်။

သို့သော် အမှန်တကယ်ထုတ်လုပ်နိုင်ရန် အလှမ်းဝေးနေဆဲပင်။
“ဒီကားကို စပြီး အမှာစာတွေ လက်ခံခဲ့တုန်းက ကျွန်တော်တို့ အရက်မူးနေကြတာပဲဖြစ်မယ်ထင်တယ်” ဟု Mercedes ၏ အမှုဆောင်အရာရှိချုပ် Ola Kallenuus က ပြောသည်။

1.6-liter turbo V6 အင်ဂျင်တပ်ဆင်ထားပြီး Kinetic Energy Recovery စနစ်ပါဝင်သော Mercedes-AMG Petronas Formula-1 မော်တော်ကားကို ထုတ်လုပ်နိုင်ရေးအတွက် အင်ဂျင်နီယာများမှာ ခေါင်းခဲလျက် ရှိကြ သည်။

ထိုအင်ဂျင်မှာ 5000 rpm အထိ မြင့်မားလှသော အမြန်နှုန်းထွက်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ရာ ကားမှာ အပူချိန်လွန်ကဲကာ မီးလောင်နိုင်နေသည်။
Mercedes ကုမ္ပဏီအနေဖြင့် ဒေါ်လာ ၂ ဒသမ ၇၅ သန်းတန် ဤကားကို အမှိုက်ပုံသို့ လွှင့်ပစ်ရမည့်အဖြစ်မျိုး ရှောင်လွှဲနိုင်ရန် Setting များ ပြန်လည်ပြောင်းလဲခဲ့သည်။

ယခုကားမော်ဒယ်ကို စုစုပေါင်း ၂၇၅ စင်းသာ ထုတ်လုပ်မည်ဖြစ်ကာ ယင်းအနက် အမေရိကန်ပြည်ထောင်စုမှ မှာယူထားသူ ၅၅ ဦးရှိရာ မန်နိလည်း အပါအဝင် ဖြစ်သည်။

ကားရရှိရန် စောင့်ဆိုင်းရချိန် အလွန်ကြာမြင့်နေခြင်းအပေါ် မန်နိက စိတ်မပျက်။ 

ပြိုင်ကားများ မှာယူလျှင် ကြုံတွေ့ရမည့် အခြေအနေမျိုးဟု လက်ခံထားသည်။

သိို့သော် မန်နိအတွက် ပြီးခဲ့သောနှစ်က သတင်းဆိုးတစ်ခု ကြားလာရသည်။
ဤကားမှာ အမေရိကန်ပြည်ထောင်စုသို့ ပြခန်းတွင် ထားရှိ ပြသရန်အတွက်သာ ပေးပို့နိုင်မည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ ပြည်ထောင်စု မော်တော်ယာဉ်များဆိုင်ရာ ဘေးကင်းလုံခြုံရေးစံနှုန်း သတ်မှတ်ချက်များ အရ ကားပိုင်ရှင်အနေဖြင့် တစ်နှစ်လျှင် မိုင်ပေါင်း ၂၅၀၀ ခန့်သာ မောင်းခွင့်ရှိမည်ဟု ဆိုသည်။
သို့သော် မန်နိက သူမှာယူထားသောကားကို မြင်တွေ့လိုနေသည်။

Mercedes က ထုတ်လုပ်ရန် ရည်မှန်းထားသော ကားအစင်းရေပမာဏအနက် အစင်း ၈၀ ထုတ်လုပ်ထားပြီး ဖြစ်သည်။

မန်နိမှာ VIN နံပါတ် ၂၆၂ ကို ရရှိမည်ဖြစ်ရာ ထုတ်လုပ်မှု နောက်ဆုံးအဆင့်တွင်မှ ၎င်း၏ ကား ပါဝင်လာမည် ဖြစ်သည်။

ထိို့ကြောင့် ၂၀၂၅ နှစ်ကုန်ပိုင်းအထိ ရရှိဦးမည်မဟုတ်ချေ။
Formula 1 ၏ ဈေးနှုန်းမှာ ယူရို ၈၅၀၀၀ (ကန်ဒေါ်လာ ၉၂၀၀၀) ကျသင့်မည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Manny Khoshbin Paid a Deposit for a Mercedes Hypercar 7 Years Ago, Still Hasn't Got It (autoevolution, equityatlas)