- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမျိုးသားတစ်ဦးက ၁၀ နှစ်ကျော် အချိန်ယူကာ ကမ္ဘာ့ပထမဆုံး သစ်သားပြိုင်ကား ထုတ်လုပ်၊ တစ်နာရီလျှင် မိုင် ၂၀၀ ကျော်အမြန်နှုန်းဖြင့် မောင်းနိုင်
အမျိုးသားတစ်ဦးက ၁၀ နှစ်ကျော် အချိန်ယူကာ ကမ္ဘာ့ပထမဆုံး သစ်သားပြိုင်ကား ထုတ်လုပ်၊ တစ်နာရီလျှင် မိုင် ၂၀၀ ကျော်အမြန်နှုန်းဖြင့် မောင်းနိုင်
- 445 views
ဂျိုးဟာမင် အမည်ရှိ အမျိုးသားသည် သစ်သားဖြင့် ပြုလုပ်သော ကမ္ဘာ့ပထမဆုံးပြိုင်ကား Splinter ကို ထုတ်လုပ်ခဲ့ရာ တစ်နာရီလျှင် ၃၂၁ ကီလိုမီတာ (မိုင်၂၀၀) အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည်ဟု ဆိုသည်။
ဟာမင်သည် ထိုကားကို ဆယ်စုနှစ် တစ်ခုကြာ အချိန်ယူ ထုတ်လုပ်ခဲ့ရခြင်းဖြစ်သည်။
Chevrolet LS7 V-8 အင်ဂျင်နှင့် six-speed manual Corvette transmission တို့ အသုံးပြုထားသည်။
ဟာမင်၏ ပြောကြားချက်အရ အင်ဂျင်မှာ မြင်းကောင်ရေ ၆၅၀ အားထွက်ကြောင်း ပြောသည်။
(ဓာတ်ပုံ-YouTuber/@BarcroftCars)
သီအိုရီအရဆိုလျှင် ထိုအင်ဂျင်မှာ 0-60 mph ကို ၃ ဒသမ ၆ စက္ကန့်အတွင်း ရရှိနိုင်သည်။
သို့သော် ထိုအမြန်နှုန်းမှာ သမားရိုးကျ ကားအတွက်ဖြစ်ပြီး ဟာမင်၏ Splinter မှာ အလေးချိန်ပေါ့ပါး သောကြောင့် ထို့ထက် ပိုမိုမြန်ဆန်နိုင်သည်။
ဟာမင်၏ သစ်သားကားမှာ Lamborghini တစ်စင်းနှင့် အသွင်တူသည်။
(ဓာတ်ပုံ-YouTuber/@BarcroftCars)
ဟာမင်၏ Splinter သည် ကမ္ဘာ့ပထမဆုံးသစ်သားပြိုင်ကားဖြစ်ပြီး သစ်ကို အဓိကအသုံးပြုကာ ထုတ်လုပ်ထားသည်။
ဟာမင်က ပြောသည်မှာ ဤကားသည် ကာဗွန်ဖိုက်ဘာ ၊ အလူမီနီယမ်(သို့မဟုတ်) စတီးဖြင့် ပြုလုပ်သော ကားတို့ထက် ခိုင်မာမှု/အလေးချိန်အချိုး ပိုမိုမြင့်မားကြောင်း ပြောသည်။
ကားထုတ်လုပ်သူတို့က ကားထုတ်လုပ်ရာတွင် သစ်ကို အသုံးမပြုသည့်အကြောင်းရင်းမှာ အလွန်အချိန်ကုန် သောကြောင့် ဖြစ်သည်။
ထို့အပြင် ကားအစင်းရေ သိန်းသန်းချီ ထုတ်လုပ်ရန်အတွက် သစ်ပင်ပေါင်းများစွာ ခုတ်လှဲရမည်ဖြစ်ပြီး သစ်သား ရရှိနိုင်မှု Supply မှာ ဝယ်လိုအားကို မည်သည့်အခါမှ လိုက်မမီနိုင်သောကြောင့် ဖြစ်သည်။
(ဓာတ်ပုံ-YouTuber/@BarcroftCars)
အခြားအကြောင်းရင်းမှာ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်သည်။
သစ်သားကားတို့မှာ အလွယ်တကူ မီးစွဲလောင်နိုင်သည်။
ယခုကားမှာ တစ်နာရီလျှင် ၃၂၁ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည်ဆိုသော်လည်း ဟာမင်ကမူ တစ်နာရီ မိုင် ၃၀ နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မရှိချေ။
(ဓာတ်ပုံ-YouTuber/@BarcroftCars)
ဤကားကို စိတ်ဝင်စားသူ များစွာရှိနေသော်လည်း ဟာမင်က လက်ရှိအားဖြင့် ငွေရှာရန် အစီအစဉ် မရှိချေ။
ဤကားမော်ဒယ်မျိုးကို အခြားသူများအတွက် ထုတ်လုပ်ပေးရန် အစီအစဉ် သူ့တွင်မရှိ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man who spent a decade making world’s first wooden supercar claims it can hit lightning-fast speeds (supercarblondie)
Photo Credit: YouTuber/@BarcroftCars