• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Rolls-Royce က သူဌေးတစ်ဦး အထူးအော်ဒါမှာယူထားပြီး စုစုပေါင်း ၄ စင်းသာ ထုတ်လုပ်ထားသော ပေါင် ၂၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ကားသစ်ကြီး Arcadia Droptail ကို ထုတ်ဖော်ပြသလာ

Rolls-Royce က သူဌေးတစ်ဦး အထူးအော်ဒါမှာယူထားပြီး စုစုပေါင်း ၄ စင်းသာ ထုတ်လုပ်ထားသော ပေါင် ၂၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ကားသစ်ကြီး Arcadia Droptail ကို ထုတ်ဖော်ပြသလာ

  • 831 views

Rolls-Royce သည် အထူးမှာယူထုတ်လုပ်ခိုင်းထားသော Droptail တစ်စီးကို ထုတ်ဖော်ပြသလာသည်။

ယခုကားသည် အလွန်ချမ်းသာသော ဖောက်သည်တစ်ဦးက မှာယူထားသောကားဖြစ်ပြီး ဈေးနှုန်းမှာ ပေါင် ၂၅ သန်းအထိ တန်ကြေးရှိသည်။

ရှေးဟောင်းဂရိ ဒဏ္ဍာရီလာ ကမ္ဘာမြေ၏ ကောင်းကင်ဘုံဟူသောစကား Arcadia ကို ရယူကာ အမည်ပေးထား ခြင်း ဖြစ်သည်။

၂ ယောက်စီးကားဖြစ်ပြီး ချမ်းသာကြွယ်ဝသော ဝယ်လက်၏ စိတ်ကြိုက် ၄ နှစ်ကျော် အချိန်ယူကာ ထုတ်လုပ်ခဲ့ ရပြီး ဝယ်ယူသူကို စင်္ကာပူတွင် အဆိုပါကားနှင့်အတူ သီးသန့်အခမ်းအနားတစ်ခုတွင် တွေ့ရသည်။

ရာသီဥတုဒဏ်ခံနိုင်ရန် အထူးထုတ်လုပ်ထားသော သစ်ဖြင့် ပြုလုပ်ထားသည့် အတွင်းပိုင်း အစိတ်အပိုင်းများ အတွက်ပင်လျှင် နာရီပေါင်း ၈၀၀၀ ကျော် အချိန်ယူခဲ့ရကြောင်း ထုတ်လုပ်ပေးသည့် ဗြိတိန်ကုမ္ပဏီက အတည်ပြုသည်။

 


(ကမ္ဘာမြေ၏ ဈေးအကြီးဆုံးမော်တော်ကား Rolls-Royce Arcadia Droptail )

 

 

(၂ ယောက်စီးကားဖြစ်ပြီး ချမ်းသာကြွယ်ဝသော ဝယ်လက်၏ စိတ်ကြိုက် ၄ နှစ်ကျော် အချိန်ယူကာ ထုတ်လုပ် ခဲ့ရပြီး ဝယ်ယူသူကို စင်္ကာပူတွင် အဆိုပါကားနှင့်အတူ သီးသန့်အခမ်းအနားတစ်ခုတွင် တွေ့ရသည်။)

 


Rolls-Royce ကုမ္ပဏီက ထုတ်ပြန်သည်မှာ Arcadia Droptail ကို အမည်မဖော်သော ဝယ်လက်တစ်ဦးက အထူးမှာယူခဲ့ခြင်းဖြစ်ပြီး ထိုပုဂ္ဂိုလ်မှာ နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် နေအိမ်များရှိကြောင်း ထုတ်ပြန်သည်။

6.6-litre Twin turbo V12 အင်ဂျင်တပ်ဆင်ထားပြီး 593bhp အားထွက်သည်။

ဂီယာဘောက်မှာ 8-speed automatic ဖြစ်ပြီး 62mph ကို ၅ စက္ကန့်အတွင်း ရရှိနိုင်သည်။

 

(6.6-litre Twin turbo V12 အင်ဂျင်တပ်ဆင်ထားပြီး 593bhp အားထွက်သည်။)

 

(ဂီယာဘောက်မှာ 8-speed automatic ဖြစ်ပြီး 62mph ကို ၅ စက္ကန့်အတွင်း ရရှိနိုင်သည်။)

 

(ဗြိတိန်ထက် ရာသီဥတု ပိုမိုနွေးထွေးသော ဒေသများတွင် မောင်းနှင်ရန် သင့်လျော်သည်။)

 

 

((Rolls-Royce Arcadia Droptail ၏ အချက်အလက်များ))

ဈေးနှုန်း- ပေါင် ၂၅ သန်းခန့်
သီးသန့်ဖြစ်မှု - Droptail ၄ စင်းသာ ထုတ်လုပ်ထားသည့်အနက် တတိယမြောက် အစင်းဖြစ်သည်။ တစ်စင်းစီတိုင်း၏ ဒီဇိုင်းပုံစံကို သီးခြားစီ ထုတ်လုပ်ထားသည်။

ထုတ်လုပ်သည့်နေရာ-အင်္ဂလန်နိုင်ငံ ၊ ဆပ်ဆက်ခရိုင် ၊ Goodwood မြို့

အင်ဂျင်-6.6-litre Twin turbo V12 ဓာတ်ဆီ
အင်ဂျင်ပါဝါ- 593bhp
ဂီယာဘောက်- 8-speed automatic 
မြန်နှုန်းတင်ခြင်း- 0-62 mph ကို ၅ စက္ကန့်အတွင်း ရရှိနိုင်။
အမြင့်ဆုံးမြန်နှုန်း- 155mph
အလျား- ၅ ဒသမ ၂ မီတာ
ဗျက်- ၃ မီတာ
အမြင့် - ၁ ဒသမ ၅ မီတာ
အလေးချိန်- ၂ ဒသမ ၅ တန်
ဘီးများ-၂၂ လက်မ

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  The world's most expensive new car: Rolls-Royce unveils its one-off Arcadia Droptail - a bespoke vehicle for a wealthy client that costs £25M (dailymail) 

 
 Photo Credit:  Rolls-Royce Motor Cars