ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒန်တို့ စီးသော ဒေါ်လာ ၁ ဒသမ ၅ သန်းတန် ကျည်ကာ Limousine

  • 2405 views


အမေရိကန်သမ္မတတို့သည် ခရီးသွားလာရာတွင် လေကြောင်းခရီးအတွက်ဆိုလျှင် သမ္မတများစီးနင်းရသော Air Force One လေယာဉ်ကြီးဖြင့်လည်းကောင်း၊ Marine One ဟုခေါ်သော သမ္မတများအတွက် ရဟတ်ယာဉ်များ ဖြင့် လည်းကောင်းသွားလာကြပြီး ကုန်းလမ်းတွင်ကား The Beast ဟုခေါ်သော Limousine ဖြင့် သွားလာကြသည်။

ကားအလေးချိန်မှာ ပေါင်ချိန် ၂၀၀၀၀ ခန့်ရှိပြီး အဆင့်မြင့်လုံခြုံရေးစနစ်၊ ဆက်သွယ်ရေးစနစ်များ တပ်ဆင်ထားသည်။

The Beast ၏ နောက်ဆုံးမော်ဒယ်ကို ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။

 

(၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖင်လန်နိုင်ငံ ၊ ဟယ်လ်ဆင်းကီးမြို့တွင် Air Force One လေယာဉ်ကြီးပေါ်မှ ဆင်းလာနေသော သမ္မတဂျိုးဘိုင်ဒန်ကို လေယာဉ်ကွင်းအတွင်း သမ္မတစီးသော The Beast က အသင့်စောင့်ကြိုနေပုံ။ ဓာတ်ပုံ-Official White House Photo by Adam Schultz)

၁၉၈၀ ပြည့်လွန်ကာလများအထိ ၂၀ ရာစု၏ ကာလအများစုတွင် အမေရိကန်သမ္မတတို့သည် Lincoln Limousine များ စီးခဲ့ကြသည်။

သမ္မတ ရေဂင်၏ လက်ထက်တွင် Cadillac များ ပြောင်းလဲစီးနင်းသည်။

သမ္မတစီးနင်းသော Limousine နောက်ဆုံးမော်ဒယ်ကို အမေရိကန် Secret Service အဖွဲ့က ၂၀၁၄ ခုနှစ်တွင် မှာယူခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ်တွင် ပထမဆုံး စတင်အသုံးပြုခဲ့သည်။

Cadillac XT6 ၏ ပိုမိုရှည်လျားသော အသွင်မျိုးဖြစ်ပြီး အောက်ပိုင်းကိုယ်ထည်မှာ General Motors  မှ ထုတ်လုပ်သော Chevrolet Kodiak ၏ ကိုယ်ထည်ဖြစ်ကြောင်း NBC News သတင်းဌာနက ဖော်ပြသည်။

ကား၏ တန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ရှိသည်။

 

(Secret Service အဖွဲ့ဝင်များ သမ္မတ၏ ကားတံခါးဖွင့်လှစ်ပေးနေပုံ။ ဓာတ်ပုံ-SAUL LOEB/AFP)

 

ကား၏ လုံခြုံရေးဆိုင်ရာ အချက်အလက်များမှာ လျှို့ဝှက်ချက်အနေဖြင့်သာ ရှိနေသော်လည်း NBC News ၏ ဖော်ပြချက်အရ ညကြည့်မြင်ကွင်းစနစ် ၊ မျက်ရည်ယိုဓာတ်ငွေ့ပစ်ခတ်နိုင်စွမ်းရှိသည့် စွမ်းရည်၊ ကျူးကျော် ဝင်ရောက်သူများကို ကာကွယ်ရန်အတွက် ဓာတ်လိုက်နိုင်သော တံခါးလက်ကိုင်များ ပါဝင်ကြောင်း ဖော်ပြသည်။

ကားမှန်များမှာ ၃ လက်မခန့်ထူသည်ဟု ခန့်မှန်းရပြီး ကား၏ သံချပ်ကာကိုယ်ထည်မှာ ၈ လက်မခန့် ထူသည်။

 

(သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဒုတိယသမ္မတ ကမလာ ဟာရစ်တို့ကို ၂၀၂၁ ခုနှစ် ၊ မတ်လအတွင်း သမ္မတ၏ Limousine အတွင်းတွေ့ရပုံ။ ဓာတ်ပုံ-Official White House Photo by Adam Schultz )

 

ဤကား၏ ဆက်သွယ်ရေးစနစ်သည် အဏုမြူလက်နက်များ ပစ်လွှတ်ရန် လျှို့ဝှက်ကုဒ်များ ပေးပို့နိုင်စွမ်း ရှိသည်။

 

(သမ္မတ၏ ကားတံခါးအတွင်းဘက်တွင် သမ္မတ ဆီးလ်တံဆိပ်ကို တွေ့ရပုံ။ ဓာတ်ပုံ-CABALLERO-REYNOLDS/ AFP)

 

(သမ္မတဂျိုးဘိုင်ဒန်နှင့် သမ္မတကတော် Jill Biden တို့ကို သမ္မတ၏ ကားပေါ်တွင် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလက တွေ့ရပုံ။ ဓာတ်ပုံ-Official White House Photo by Adam Schultz)

 

(သမ္မတစီးသော Limousine များကို ခရီးစဉ်တစ်ခုအတွက် US Air Force C-17 လေယာဉ်ကြီးပေါ်သို့ တင်နေပုံ။ ဓာတ်ပုံ-US Secret Service)

 

(သမ္မတ၏ ကားကို အင်္ဂလန်ရှိ ဝင်ဆာရဲတိုက်တွင် ၂၀၂၁ ခုနှစ် ဇွန်လက တွေ့ရပုံ။ ဓာတ်ပုံ-Getty Images)

 

(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ကျမ်းသစ္စာကျိန်ဆိုပွဲနေ့တွင် Secret Service အဖွဲ့ဝင်များက ကားနံပါတ်ပြား ပြောင်းနေပုံ။ ဓာတ်ပုံ-AP)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Take a look inside 'The Beast,' the $1.5 million bulletproof presidential limousine used by Trump and Biden (businessinsider)

 
Photo Credit:  Official White House Photo by Adam Schultz, SAUL LOEB/AFP, CABALLERO-REYNOLDS/ AFP, US Secret Service, Getty Images, AP