- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်တစ်ပတ်ရစ်ကားများ ရုရှားသို့တင်ပို့ခွင့် ဂျပန်အစိုးရတားမြစ်
ဂျပန်တစ်ပတ်ရစ်ကားများ ရုရှားသို့တင်ပို့ခွင့် ဂျပန်အစိုးရတားမြစ်
- 214 views
ရုရှားနိုင်ငံနဲ့ယူကရိန်းနိုင်ငံစစ်ပွဲကြောင့် ဂျပန်တစ်ပတ်ရစ်ကားတွေ ရုရှားကိုတင်ပို့နေတာကို ဂျပန်အစိုးရက တားမြစ်လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံက ရုရှားနိုင်ငံကို ဇိမ်ခံကားတွေ တင်ပို့နေတာကို အရင်နှစ်က ပိတ်ပင်ခဲ့ဘူးသလို အကြီးစားထရပ်ကား တင်ပို့တာတွေကိုလည်း ပိတ်ပင်ထားပါတယ်။
အခုကတော့ ဂျပန်နိုင်ငံမှာသုံးပြီးသား တစ်ပတ်ရစ်ကားတွေ တင်ပို့တာကိုပါ တားမြစ်လိုက်တာပါ။ ဒါပေမဲ့ Honda Fit ၊ Toyota Yaris လို ကားအသေးတွေကိုတော့ တင်ပို့ခွင့် ပြုထားပါသေးတယ်။ ဂျပန်နိုင်ငံက ရုရှားကိုတင်ပို့တဲ့ တစ်ပတ်ရစ်ကားဈေးကွက်ဟာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံနီးပါး ရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ကား တင်ပို့မှုနိုင်ငံတွေထဲမှာ အကြီးဆုံး ကားဈေးကွက်လည်းဖြစ်ပါတယ်။ ရုရှားကို တစ်ပတ်ရစ်ကားတွေ တင်ပို့ခွင့်ပိတ်လိုက်တဲ့အတွက် ဂျပန်မှာ ကားဈေးတွေထိုးကျလာပါတယ်။ ဂျပန်နိုင်ငံမှာ ယာဉ်စစ်ဆေးတဲ့စနစ် တင်းကျပ်ထားတဲ့အတွက် ကားဟောင်းထိန်းသိမ်းရတဲ့ စရိတ်ကကြီးမြင့်ပါတယ်။ ဂျပန်နိုင်ငံသားတွေအနေနဲ့ ကားအသစ်ဝယ်စီးတာက ကုန်ကျစရိတ်ပိုသက်သာပါတယ်။ ကုန်ကျစရိတ်နည်းတာကြောင့် ကားအသစ်ကို ပိုစီးကြပြီး ကားအဟောင်းတွေကတော့ ပြည်ပဈေးကွက်တွေကို တင်ပို့နေကြတာဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com