- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်မောင်းများလိုအပ်သဖြင့် YRTC ၏ ကြီးကြပ်မှုဖြင့် ယာဉ်မောင်းများခေါ်ယူဖို့စီစဉ်
YBS ယာဉ်မောင်းများလိုအပ်သဖြင့် YRTC ၏ ကြီးကြပ်မှုဖြင့် ယာဉ်မောင်းများခေါ်ယူဖို့စီစဉ်
- 259 views
ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအတွက် ပြေးဆွဲပေးနေသော YBS မော်တော်ယာဉ်များမှာ အစီးရေ တိုးလာသည်နှင့်အမျှ ကျွမ်းကျင်ယာဉ်မောင်းများလည်း လိုအပ်လာသောကြောင့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ YRTC ၏ ကြီးကြပ်မှုဖြင့် ယာဉ်မောင်းများခေါ်ယူရန်စီစဉ် ဆောက်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါကျွမ်းကျင်ယာဉ်မောင်းများခေါ်ယူနိုင်ရေးအတွက် ‘YBS’ မော်တော်ယာဉ်ကြီးမောင်းသင်တန်းကျောင်းမှ သင်တန်းသားများအား အရင်ခေါ်ယူမည်ဖြစ်ကြောင်း၊ လျှောက်ထားလိုသူများအနေဖြင့်လည်း သင်တန်းလျှောက်လွှာများကို ကနဦးပေးပို့ရမည်ဖြစ်ကြောင်း၊ ခေါ်ယူမည့်သင်တန်းသားဦးရေမှာ (၅၀)ဦး ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းသို့ တက်ရောက်လိုသူသည် အနည်းဆုံးသက်တမ်း (၅) နှစ်ရှိသော“ခ”လိုင်စင်ကိုင်ဆောင် ထားသော အသက် (၂၃) နှစ်မှ (၅၅) နှစ်တွင်းရှိသူဖြစ်ပြီး အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်သူ ဖြစ်ရန်လိုအပ်ကြောင်း၊ ဒါ့အပြင် အခြေခံယာဉ်မောင်းနှင်နိုင်မှုကိုလည်း အဆိုပါသင်တန်းကျောင်းမှ စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေနဲ့ လျှောက်လွှာယူခြင်းနှင့် တင်ရမည့်နေရာက ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ အမှတ်(၇)၊ ထောက်ကြန့်မြို့ရှောင်လမ်း၊ဘွတ်ကြီးကျေး ရွာအုပ်စု ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်မြို့တွင်ဖြစ်ပြီး ရွေးချယ်ခံရသူများက တစ်လသင်တန်းတက်ရောက် ရမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။ ယင်းသင်တန်းကို မတ်လပထမအပတ်တွင် စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို ၀၉- ၇၆၆၀၂၉၂၈၀၊ ၀၉-၄၂၀၇၃၂၅၀၈၊ ၀၉၇၇၉၅၅၈၅၅၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com