- ပင်မစာမျက်နှာ
- ကားသတင်းများ
- မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ရုရှားသမ္မတ ဗလာဒီမာပူတင်က ပေါင် ၃၅၀၀၀၀ တန် ကျည်ကာ Limousine တစ်စင်း လက်ဆောင်ပေး
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ရုရှားသမ္မတ ဗလာဒီမာပူတင်က ပေါင် ၃၅၀၀၀၀ တန် ကျည်ကာ Limousine တစ်စင်း လက်ဆောင်ပေး
- 237 views
မြောက်ကိုရီးယားမှ ကူညီသော လက်နက်များအတွက် ကျေးဇူးတင်သည့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ပေါင် ၃၅၀၀၀၀ တန် Limousine တစ်စင်း လက်ဆောင်ပေးခဲ့သည်ဟုဆိုသည်။
ထိုလက်ဆောင်ပေးမှုမှာ ယင်း ၂ နိုင်ငံအကြား စည်းလုံးမှု တိုးမြှင့်လာသည်ကို တွေ့ရသော နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်သည်။
(ကင်ဂျုံအန် ရုရှားသို့ သွားရောက်လည်ပတ်စဉ် သမ္မတပူတင်၏ ကားကို အလွန်သဘောကျခဲ့ပြီးနောက် ပူတင်က ပုံတွင်တွေ့ရသော Aurus Senat limousine ကားကို လက်ဆောင်ပေးခဲ့သည်။ ဓာတ်ပုံ-Getty)
(ပြီးခဲ့သောနှစ်အတွင်း ကင်ဂျုံအန် ရုရှားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပူတင်က သူ၏ Limousine ကားကို သီးသန့် ပြသခဲ့သည်။)
(ရုရှားထုတ် အဆိုပါကားမှာ တန်ကြေး ပေါင် ၃၅၀၀၀၀ ခန့် ရှိသည်။ ဓာတ်ပုံ-Getty)
(ခမ်းနားထည်ဝါသော ကျည်ကာကားမှာ ကင်ဂျုံအန် ကိုယ်ရေးကိုယ်တာသုံးရန် ရည်ရွယ်ထားသည်။ ဓာတ်ပုံ-Getty)
(ကင်ဂျုံအန်သည် Limousine ဖြင့် သွားလာလေ့ရှိပြီး ကားဘေးတွင် ကိုယ်ရံတော်တပ်ဖွဲ့က ပြေးလွှားလိုက်ပါ ကြလေ့ရှိသည်။ ဓာတ်ပုံ-AFP)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တန်ဖိုးကြီး ဇိမ်ခံကားများကို ငွေကြေးအမြောက်အများ သုံးစွဲကာ ဝယ်ယူထားပြီး နိုင်ငံခြားထုတ် ကား ၄ စင်းဖြင့် မကြာသေးမီက တွေ့ထားရသည်။
ကရင်မလင်နန်းတော်က ပြီးခဲ့သော အင်္ဂါနေ့က အတည်ပြုပြောကြားသည်မှာ ရုရှားရှိ Aurus ကုမ္ပဏီထုတ် Full-sized luxury sedan limousine တစ်စီးကို မြောက်ကိုရီးယားသို့ ပို့ဆောင်နေကြောင်း အတည်ပြုသည်။
Aurus သည် ရုရှား၏ ပထမဆုံး Luxury ကားအမှတ်တံဆိပ်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာ၏ ဖော်ပြချက်အရ ပြီးခဲ့သောသီတင်းပတ်ကုန်တွင် ရုရှား ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဤကားကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကမူ မြောက်ကိုရီးယားသို့ မော်တော်ကားများအပါအဝင် တန်ဖိုးကြီး ဇိမ်ခံ ပစ္စည်းများ တင်ပို့မှု တားမြစ်ထားပြီး ထိုဆုံးဖြတ်ချက်ကို ရုရှားကလည်း ထောက်ခံထားသည်။
ကင်ဂျုံအန်သည် ကားဝါသနာအိုးတစ်ဦးဖြစ်ပြီး Mercedes များကို အလွန်နှစ်သက်သူ ဖြစ်သည်။
ပြီးခဲ့သောလအတွင်းက ကင်ဂျုံအန်သည် ပေါင် ၁၆၀၀၀၀ တန်ကြေးရှိ ကျည်ကာ Mercedes-Maybach S560 Sedan , Luxury Mercedes တစ်စီးနှင့် Lexus SUV တစ်စီးတို့ စီးခဲ့သည်ကို တွေ့ရကြောင်း ဆိုးလ်မြို့တော် အခြေစိုက် NK News သတင်းဌာနက ဖော်ပြသည်။
ကင်ဂျုံအန်သည် ရုရှားသမ္မတပူတင်အတွက် အထူးထုတ်လုပ်ပေးထားသော Aurus Senat Limousine ကို အလွန်နှစ်သက်ကြောင်း တွေ့ရသဖြင့် အဆိုပါကားကို လက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က ပြောသည်။
((ကင်ဂျုံအန် ပိုင်ဆိုင်ထားသောကားများ))
Maybach S600 Pullman Guard (ပေါင် ၁၁၉၈၀၀၀)
S600 Pullman Guard (ပေါင် ၁၂၄၃၀၀၀)
Rolls-Royce Phantom (ပေါင် ၄၀၇၀၀၀)
ကျည်ကာ Mercedes-Maybach (ပေါင် ၁၁၉၈၈၃၉)
Lexus SUV (ပေါင် ၅၅၀၀၀)
ရုရှားထုတ်ကျည်ကာကား Aurus limousine (ပေါင် ၃၅၀၀၀၀)
(ကင်ဂျုံအန်တွင် Rolls-Royce Phantom တစ်စင်းလည်း ရှိသည်။ ဓာတ်ပုံ-AFP)
(ကင်ဂျုံအန်နှင့် သမ္မတပူတင်တို့ အတူတကွ တွေ့ရပုံ။ ဓာတ်ပုံ-Reuters)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Putin gifts Kim Jong-un £350,000 bulletproof limo as thank-you for weapons as dictator’s luxury car collection revealed (thesun)
Photo Credit- Getty, AFP, Reuters