- ပင်မစာမျက်နှာ
- ကားသတင်းများ
- YPS QR services အတွက် Update version ကို YPS ထပ်မံစီစဉ်
YPS QR services အတွက် Update version ကို YPS ထပ်မံစီစဉ်
- 331 views
YBS ယာဉ်စီးသည့် မြို့တွင်းခရီးသွားများ ယာဉ်စီးခပေးချေနိုင်သည့် YPS QR services များ အသုံးပြုနိုင်ရန် အတွက် ဗားရှင်းအသစ်ကို ထပ်မံစီစဉ်မိတ်ဆက်လိုက်ကြောင်း yangon payment services (YPS) မှ သိရသည်။
အဆိုပါစနစ်အတွက် ထပ်မံစီစဉ်လိုက်သော MPyps+ Application ၏ Update Version 1.1.0 ဖြစ်ပြီး Google Play store နှင့် Huawei App Gallery တွင် Download ရယူနိုင်သည့်အပြင် ယာဉ်လိုင်းပေါင်း (၈၀) ကျော်ပေါ်တွင် Download ပြုလုပ်နိုင်ရန် QR Code Sticker များကို ကပ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
YPS card Services များ နှင့် YPS QR Code Top Up Service အတွက် ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ (KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်သည့်အပြင် YPS QR Code နဲ့ပတ်သက်တဲ့အကြောင်းအရာများကို Page မှာတင်ထားတဲ့ Post များမှတစ်ဆင့်သိရှိနိုင်သလို အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်း နိုင်ကြောင်းကိုလည်း အသိပေးထားသည်။။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com