- ပင်မစာမျက်နှာ
- ကားသတင်းများ
- နွေရာသီတွင်အပူလွန်ကဲပြီး EV battery ဆဲလ်များ ထိခိုက်နိုင်၍ သက်တမ်းလျော့နည်းစေနိုင်
နွေရာသီတွင်အပူလွန်ကဲပြီး EV battery ဆဲလ်များ ထိခိုက်နိုင်၍ သက်တမ်းလျော့နည်းစေနိုင်
- 254 views
ပူပြင်းခြောက်သွေ့သောနွေရာသီ၏ အပူချိန်ကြောင့် လျှပ်စစ်သုံးမော်တော်ကား (EV) တွင် ပါရှိသော ဘတ်ထရီများကို အပူလွန်ကဲ့ခြင်းဖြစ်စေနိုင်ပြီး ယင်းဘတ်ထရီဆဲလ်များကို ထိခိုက်စေနိုင်သဖြင့် ဘတ်ထရီသက်တမ်းကို လျော့နည်းစေနိုင်ကြောင်း သိရသည်။
EV ကားဆိုသည်မှာ ဘတ်ထရီစနစ်ကို အခြေခံထားသောကြောင့် အပူရှိန်မြင့်မားလျှင် ပေါက်ကွဲလွယ်တတ်သည့် သဘောရှိကြောင်း၊ မြင့်မားသည့်အပူချိန်မှာ Battery ကို အေးအောင် ကိုယ်တိုင်လုပ်နေရခြင်းကြောင့် Energy ပိုကုန်ပြီး EV ရဲ့ မောင်းနိုင်တဲ့ Range ကို လျော့နည်းစေနိုင်ကြောင်း ဈေးကွက်လေ့လာသူများထံမှ သိရသည်။ ထို့ကြောင့်နွေရာသီအပူချိန်က EV Battery တွေကို အပူလွန်ကဲခြင်းကိုဖြစ်စေနိုင်လို့ Battery ဆဲလ်များကိုထိခိုက်စေပြီး Battery သက်တမ်းကို လျော့နည်းစေနိုင်တယ်လို့ လေ့လာသူများကဆိုသည်။
နွေရာသီတွင် EV ကားများအတွက် Eco mode ပါတဲ့ ကားတွေက Eco mode ဖွင့်မောင်းခြင်း၊ Overload ဖြစ်လောက်အောင် ပစ္စည်းတွေ အများကြီးတင်ဆောင်မောင်းနှင်ခြင်းမပြုခြင်း၊ အရိပ်ရသည့်နေရာတွင် ကားရပ်နားထားခြင်း၊ ကားမောင်းပြီးပြီးချင်း ချက်ချင်းအားသွင်းတာမျိုး မပြုခြင်း၊ တတ်နိုင်သလောက် Fast Charging အားသွင်းတာကိုရှောင်ခြင်း၊ Battery Power ကို ၂၀/၈၀ ရာခိုင်နှုန်းအတွင်း ထားခြင်းက Battery Health အတွက် ပိုကောင်းမွန်စေခြင်း စသည့်အချက်များကို ရှောင်သင့်၊ ဆောင်သင့်ကြောင်းထပ်မံ သိရှိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com