- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ၁၉၉၇ ခုနှစ်ထုတ် Lamborghini Diablo လေလံပွဲတွင် စံချိန်တင် ဈေးနှုန်းရရှိ
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ၁၉၉၇ ခုနှစ်ထုတ် Lamborghini Diablo လေလံပွဲတွင် စံချိန်တင် ဈေးနှုန်းရရှိ
- 184 views
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ခဲ့ဖူးသော ၁၉၉၇ ခုနှစ်ထုတ် Lamborghini Diablo VT Roadster ကို လေလံတင်ရောင်းချခဲ့ရာ အဆိုပါမော်ဒယ်အတွက် စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့သည်။
လေလံပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ Lamborghini မှာ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းအထိ ဈေးပေးသူ ရှိခဲ့သည်။
Lamborghini Diablo မော်ဒယ်များကို လေလံတင်လျှင် ပျှမ်းမျှရလေ့ရှိသော ဈေးမှာ ကန်ဒေါ်လာ ၂၇၇,၀၀၀ သာဖြစ်ရာ ယခုဈေးနှုန်းမှာ ပျှမ်းမျှရလေ့ရှိသောပမာဏထက် များစွာကျော်လွန်နေသည်။
Barrett-Jackson လေလံအဖွဲ့မှ ထုတ်ပြန်ချက်အရ လေလံပွဲတွင် စက္ကန့် ၉၀ အတွင်း ကန်ဒေါ်လာ ၁ သန်း ကျော်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
Classic.com ၏ ဖော်ပြချက်အရ Lamborghini Diablo ၏ ပျှမ်းမျှဈေးနှုန်းမှာ ၃ နှစ်တာအတွင်း ၈၀ ရာခိုင်နှုန်း ခန့် မြင့်တက်လာခဲ့ကြောင်း ဖော်ပြသည်။
ဒေါ်နယ်ထရမ့်၏ Lamborghini Diablo ကို အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့ တွင် ကျင်းပသော Barrett Jackson လေလံအဖွဲ့၏ လေလံပွဲတွင် ရောင်းချလိုက်ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်နှင့် Lamborghini တို့အကြား ရင်းနှီးသည့်ဆက်ဆံရေးရှိသောကြောင့် ထရမ့်စိတ်ကြိုက် အထူး Specification များဖြင့် ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း လေလံဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
ထရမ့်သည် သူ၏ကားကို Blu Le Mans အရောင်ဖြင့် မှာယူခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်က Lamborghini Diablo ကို အဆိုပါအရောင်ဖြင့် အများပြည်သူ ဝယ်ယူရရှိခြင်း မရှိသေး။
ထို့အပြင် ကားအပ်ချိန်တွင်လည်း Donald Trump 1997 Diablo ဟု တံဆိပ်ပြားကပ်ပေးခဲ့သေးသည်။
ဒေါ်နယ်ထရမ့်က ၂၀၀၂ ခုနှစ်တွင် ရောင်းထုတ်ခဲ့ပြီးနောက်ပိုင်း ပိုင်ရှင်နှစ်ဦး ပြောင်းလဲခဲ့ပြီး စုစုပေါင်း ကီလို ၄၀,၀၀၀ သာ မောင်းရသေးသည်။
5.7-litre V12 အင်ဂျင်တပ်ဆင်ထားသော Lamborghini Diablo VT Roadster သည် 367Kw/582 Nm အားကို five-speed manual transmission မှတဆင့် လေးဘီးလုံးဆီသို့ ပို့သည်။
0-100 kmph ကို ၄ ဒသမ ၄ စက္ကန့်အတွင်း ရရှိနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း ၃၂၅ kmph ဖြင့် မောင်းနှင်နိုင်သည်။
အပြင်ပိုင်းမှာ စိတ်ကြိုက်မှာယူထားသောအရောင်ဖြစ်သော်လည်း အတွင်းပိုင်းမှာမူ သတ်မှတ်စံညွှန်းများအတိုင်း အဖြူနှင့်အနက် သားရေကူရှင်များကို တွေ့ရသည်။
သို့သော် aftermarket မွမ်းမံမှုအဖြစ် Alphine စတီရီယိုစနစ်ပါဝင်သည်ကို တွေ့ရသည်။
လေလံတင်ချိန်တွင် Lamborghini Diablo ၏ အော်ရီဂျင်နယ် manual များ၊ tool bag များနှင့် ကာဗာတစ်ခုတို့ ပါဝင်ခဲ့သည်။
ထရမ့်၏ Lamborghini Diablo ကို ပြီးခဲ့သော ဇန်နဝါရီလကုန်ပိုင်းက လေလံတင်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းဈေး သတ်မှတ်ခဲ့ခြင်း မရှိချေ။
(ဆက်စပ်သတင်း)
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အတွက် အထူးထုတ်လုပ်ပေးခဲ့သော Lamborghini Diablo
https://www.carsdb.com/my/news/408
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com