- ပင်မစာမျက်နှာ
- ကားသတင်းများ
- လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရေး လျင်မြန်စွာ အကောင်အထည်ဖော်ရန် ကုမ္ပဏီများကိုညွှန်ကြား
လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရေး လျင်မြန်စွာ အကောင်အထည်ဖော်ရန် ကုမ္ပဏီများကိုညွှန်ကြား
- 225 views
လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ (Corporate Social Respon-sibility - CSR) ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွေ့လျား Charger တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ညွှန်ကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ်သည့် အလုပ်ရုံသို့ရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် လျှပ်စစ်မော်တော်ယာဉ်များနှင့် ပတ်သက်၍ မူဝါဒများရေးဆွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် လုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ထပ်မံညွှန်ကြားခဲ့ကြောင်း သိရသည်။
လျှပ်စစ်သုံးခရီးသည်တင် မော်တော်ယာဉ် (EV Bus) များ ပြေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်းကုမ္ပဏီများမှာ Mandalar Min Express Trading and Transportation Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့ဖြစ်ပြီး EV Charging station တည်ဆောက်ရေးအတွက် Yangon Aerodrome Co., Ltd နှင့် Pioneer Aerodrome Co.,Ltd တို့ကလည်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com