- ပင်မစာမျက်နှာ
- ကားသတင်းများ
- အခုနှစ် ဇန်နဝါရီလတစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု (၄၀၀) ကျော်ဖြစ်ပွား၊ လူ (၂၀၀) ကျော်သေဆုံး
အခုနှစ် ဇန်နဝါရီလတစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု (၄၀၀) ကျော်ဖြစ်ပွား၊ လူ (၂၀၀) ကျော်သေဆုံး
- 183 views
(၂၀၂၄) ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု (၄၃၃) မှု ဖြစ်ပွားခဲ့ပြီး၊ လူ(၂၃၆) ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။ အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် အခုနှစ်ဟာ ယာဉ်တိုက်မှု ပိုဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ (၆) ဦး တိုးလာတယ်လို့ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လျော့နည်းအောင်လုပ်ဆောင်နေတဲ့ကာလ ဖြစ်ပါတယ်။ အခုနှစ်တစ်လထဲမှာ မြန်မာတစ်နိုင်ငံလုံးမှာ ရန်ကုန်တိုင်းဒေသကြီးဟာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၁၅) ဦးအထိရှိပြီး အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးသူ လျော့နည်းအောင် စီမံချက်ရေးဆွဲပြီး အကောင်ထည်ဖော်နေတာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုလျော့နည်းအောင်လည်း လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်တွေ အသစ်ပြန်လည်ရေးဆွဲဖို့ကိုလည်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအနေနဲ့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှု ဖြစ်စဉ်အများစုဟာ လူ့ပယောဂကြောင့်ဖြစ်တယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက သတိပေး ပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com