ရန်ကုန် (ICE) ကားဈေးများ အတက်ဈေးဖြင့် ငြိမ်နေ

  • 941 views

ရန်ကုန်ကားဈေးကွက်မှာ (ICE) လို့ခေါ်တဲ့ လောင်စာဆီသုံးကားတွေကို ပြန်လည်ရောင်းချလိုသူ များလာလို့ ဈေးအတက်နဲ့ငြိမ်နေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ကားရောင်းချလိုသူတွေများလာပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘယ်မောင်း ကျပ်သိန်း (၁၀၀၀) တန် ကားတွေ ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားပြီး ကျပ်သိန်း (၁၀၀၀) နဲ့ (၂၀၀၀) ကြား ကားတွေကတော့ ၇ ရာခိုင်နှုန်း ဈေးတက်သွားခဲ့တယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းကစလို့ (ICE) ကားတွေက ဈေးလှုပ်လှုပ်ခတ်ခတ်ဖြစ်ကာ အရောင်းအဝယ် ပြန်ဖြစ်ခဲ့ပေမယ့် ယခုလောလောဆယ်မှာတော့ အတက်ဈေးမှာရပ်ပြီး အရောင်းအဝယ်နည်းသွားတယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

အခု နှစ်ဆန်းပိုင်းမှာ EV ကားဈေးကွက်မှာတော့ ကုမ္ပဏီ (၈၀)ကျော်အထိ EV ယာဉ်နဲ့ ဆက်စပ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုလိုက်တာကြောင့် EV ကားဈေးကွက်ထဲမှာလည်း အပြောင်းလဲ ကြီးကြီးမားမားမရှိဘဲ တည်ငြိမ်နေတယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောဆိုနေပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com