- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အငှားယာဉ်မောင်းတချို့အခက်တွေ့
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အငှားယာဉ်မောင်းတချို့အခက်တွေ့
- 134 views
ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို (၂၇၀၀) အထက်မှာရှိနေတဲ့အတွက် လောင်စာဆီသုံး Taxi အငှားယာဉ်မောင်းတွေအနေနဲ့ အခက်တွေ့နေတယ်လို့ ပြည်တွင်းက အငှားယာဉ်မောင်းတချို့က ပြောပါတယ်။
လက်ရှိပြည်တွင်းစက်သုံးဆီဈေးဟာ (95) တစ်လီတာကို ငွေကျပ်(၂၈၀၀) ကျော်နေပြီး ဒီဇယ်ဈေးနှုန်းတွေဟာလည်း တစ်လီတာကို ငွေကျပ် (၂၆၀၀) ကျော် ဖြစ်နေတယ်လို့ ရန်ကုန်မြို့စက်သုံးဆီ ရောင်းချတဲ့ဆိုင်တွေကနေ သိရပါတယ်။
စက်သုံးဆီဈေးတွေမြင့်တက်နေတာကြောင့် အုံနာ (Owner) ကား မောင်းရတဲ့ အငှားယာဉ်မောင်းတွေအနေနဲ့ အရင်ထက်ပိုခက်ခဲလာတယ်လို့ အငှားယာဉ်မောင်းတွေက ဆိုပါတယ်။ လက်ရှိမှာ ဓာတ်ဆီကားထက် CNG Taxi တွေကို ငှားစီးသူတွေ ပိုများလာတယ်လို့ အငှားယာဉ်မောင်းတွေက ဆိုပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီအခက်အခဲကိုဖြေရှင်းဖို့ EV Taxi တချို့ကိုလည်း ပြည်သူတွေ ငှားစီးတာတွေရှိပါတယ်။ ဒါပေမဲ့ EV Taxi စီးလုံးငှားပြီး ခရီးတိုသွားဖို့အတွက်ပဲ ငှားစီးတာများတယ်လို့ EV Taxi ယာဉ်မောင်းတချို့က ဆိုပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ စင်ကာပူနိုင်ငံ MOPS ရဲ့ ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး ပြောင်းလဲနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအပတ်စင်ကာပူနိုင်ငံ MOPS ရဲ့ လောင်စာတစ်စည်ဈေးနှုန်းဟာ (92) Ron တစ်စည်ကို ၉၄ ဒသမ ၃၅ ဒေါ်လာ၊ (95) Ron တစ်စည် ၉၉ ဒသမ ၀၂ ဒေါ်လာ၊ 10 PPM တစ်စည်ကို ၁၀၀ ဒသမ ၁၉ ဒေါ်လာ ရှိနေပြီး အရင်အပတ်ကထက် ဈေးကျလာတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေက ဆိုပါတယ်။
အခုလက်ရှိမှာ (92) တစ်လီတာကို ငွေကျပ် (၂၇၇၀) ကျပ် ၊ (95) တစ်လီတာကို ငွေကျပ် (၂၈၇၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၉၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၆၄၀) ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com