• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၄ ခုနှစ်မော်ဒယ် BYD Dolphin ကို လာမည့် ဖေဖော်ဝါရီ ၂၃ တွင် စတင်ဖြန့်ချိရန် စီစဉ်ထားပြီး ဘက်ထရီအား ပိုမိုကောင်းမွန်မည်ဖြစ်ကာ ယခင်မော်ဒယ်အောက် ဈေးနှုန်း သက်သာမည်

၂၀၂၄ ခုနှစ်မော်ဒယ် BYD Dolphin ကို လာမည့် ဖေဖော်ဝါရီ ၂၃ တွင် စတင်ဖြန့်ချိရန် စီစဉ်ထားပြီး ဘက်ထရီအား ပိုမိုကောင်းမွန်မည်ဖြစ်ကာ ယခင်မော်ဒယ်အောက် ဈေးနှုန်း သက်သာမည်

  • 221 views

BYD က ၎င်း၏ အရောင်းရဆုံး hatchback လျှပ်စစ်ကားဖြစ်သော BYD Dolphin ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ Honor Edition ဟူသောအမည်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ကြေညာသည်။

တရုတ်ပြည်တွင်းသတင်းဌာနတို့၏ ဖော်ပြချက်အရ Honor Edition တွင် ဘက်ထရီအား ပိုမိုကောင်းမွန်မည် ဖြစ်ကာ ယခင် ၂၀၂၃ ခုနှစ်ထုတ်မော်ဒယ်ထက် ပိုမိုဈေးသက်သာသော entry-level မျိုးကွဲပါဝင်မည် ဖြစ်သည်။

BYD သည် ICE ကားများအပေါ် ဈေးနှုန်းစစ်ပွဲဆင်နွှဲကြောင်း မကြာသေးမီက ကြေညာထားသည်။

ICE ကားများအောက် ပိုမိုသက်သာသောဈေးနှုန်းဖြင့် လျှပ်စစ် ဟိုက်ဘရစ်ကား (PHEV) များကို ၂၀၂၄ ခုနှစ်တွင် အဆင့်မြှင့်တင် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

ထိုသို့ အဆင့်မြှင့်တင်မှုများဖြင့် သမားရိုးကျ ICE ကားသုံးစွဲသူများကို PHEV များဆီသို့ ကူးပြောင်းလာစေရန် ဆွဲဆောင်ခြင်းလည်း ဖြစ်သည်။

ရှန်ကျန်းမြို့အခြေစိုက် BYD က ထုတ်ပြန်သည်မှာ BYD ထုတ်ကားများကို ယွမ်ငွေ ၇၉၈၀၀ (ကန်ဒေါ်လာ ၁၁၀၀၀) သတ်မှတ်လိုက်မှုမှာ လောင်စာဆီသုံးကားများကို တုန်လှုပ်သွားစေခဲ့ကြောင်း ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်အတွက် အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့သော BYD Qin Plus Honor Edition နှင့် Destroyer 05 Honor Edition တို့ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

BYD ၏ ဈေးနှုန်းစစ်ပွဲက အဓိကပစ်မှတ်ထားသည်မှာ အရောင်းရဆုံး ICE ကားများဖြစ်သော Volkswagen Lavida ၊ Toyota Corrola တို့ကဲ့သို့ တန်ဖိုးသင့်ကားများ ဖြစ်သည်။

BYD သည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ICE ကားများ ထုတ်လု
ပ်မှု ရပ်ဆိုင်းခဲ့သည်။

(၂၀၂၄ ခုနှစ်မော်ဒယ် BYD Dolphin Honor Edition)

 

ယခု BYD Dolphin မော်ဒယ်သစ်က BYD သည် ၂၀၂၄ ခုနှစ်ကို PHEV များနှင့် ပြင်ဆင်လျက်ရှိပုံ ပြသနေ သည့်အပြင် ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း EV များ ထိုးဖောက်မှု နောက်တစ်ဆင့် တက်လှမ်းရန် ရည်မှန်း ထားချိန်တွင် ဈေးနှုန်းစစ်ပွဲတွင် လျှပ်စစ်ကားများကို ရှေ့တန်းမှ ထားရှိလာပုံကိုလည်း ပြသနေသည်။

၂၀၂၄ ခုနှစ်ကုန် နောက်ဆုံးလများတွင် တရုတ်ပြည်၌ လျှပ်စစ်ကားများအတွက် ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်း အထိ ရရှိရန် မျှော်မှန်းထားကြောင်း BYD တည်ထောင်သူ ဝမ်ချမ်းဖူက နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောသည်။

 

 

ပြီးခဲ့သောနှစ်အတွင်း လျှပ်စစ်ကားများ၏ လစဉ် ဈေးကွက်ထိုးဖောက်နိုင်မှုမှာ ၄၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ယခင်မော်ဒယ်ဖြစ်သော BYD Dolphin တွင် 45kWh ဘက်ထရီတပ်ဆင်ခဲ့ပြီး အားအပြည့်သွင်းထားလျှင် ၄၂၀ ကီလိုမီတာသာ မောင်းနှင်နိုင်ခဲ့သည်။

 

 

ယခု ၂၀၂၄ အတွက် အဆင့်မြှင့်တင်လာသော BYD Dolphin တွင် 60 kWh ဘက်ထရီတပ်ဆင်ထားပြီး ၅၂၀ ကီလိုမီတာအထိ မောင်းနှင်နိုင်သည်။

မော်တာမှာမူ ယခင်မော်ဒယ်အတိုင်းဖြစ်ပြီး မော်တာပါဝါ 70 Kw ရှိကာ ရုန်းအား 180 Nm ရှိသည်။

အလျား၊ ဗျက်၊ အမြင့်အားဖြင့် ၄၁၂၅ ၊ ၁၇၇၀ ၊ ၁၅၇၀ မီလီမီတာ ရှိပြီး Wheelbase မှာ ၂၇၀၀ မီလီမီတာ ဖြစ်သည်။

 


(၂၀၂၄ မော်ဒယ် BYD Dolphin Honor Edition ၏ အတွင်းပိုင်း)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2024 BYD Dolphin to launch on Feb 23 with bigger battery and lower price (carnewschina)

Photo Credit:  Carnewschina