- ပင်မစာမျက်နှာ
- ကားသတင်းများ
- အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့စဉ်ကာလအတွင်း ၆၇၉ မိုင်သာစီးနင်းခဲ့သော တော်ဝင် Land Rover ကား ဖေဖော်ဝါရီ ၂၄ ရက်တွင် လေလံတင်ရောင်းချမည်
အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့စဉ်ကာလအတွင်း ၆၇၉ မိုင်သာစီးနင်းခဲ့သော တော်ဝင် Land Rover ကား ဖေဖော်ဝါရီ ၂၄ ရက်တွင် လေလံတင်ရောင်းချမည်
- 216 views
နတ်ရွာစံကံတော်ကုန်သွားပြီဖြစ်သော အင်္ဂလန်ပြည့်ရှင် အဲလစ်ဇဘက်ဘုရင်မကြီး၏ Sandringham စံအိမ်တော်တွင် အသုံးပြုခဲ့သည့် တော်ဝင် Land Rover ကားတစ်စင်းကို လေလံတင်ရောင်းချရန် စီစဉ်နေသည်။
ဘုရင်မကြီး ပိုင်ဆိုင်ခဲ့စဉ်ကာလအတွင်း Mileage မှာ ၆၇၉ မိုင်သာ စီးခဲ့သည်။
၂၀၀၈ ခုနှစ်ထုတ် ရှားပါး Defender 90 TDCi မော်ဒယ်သည် တော်ဝင်မိသားစု၏ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဘုရင်မကြီး၏ အဓိကယာဉ်ဖြစ်ခဲ့သည်။
(နတ်ရွာစံသွားပြီးဖြစ်သော အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့သည့် တော်ဝင် Land Rover ကား။ ဓာတ်ပုံ-BNBS)
(ကားအတွင်းပိုင်းတွင် Galway Green နှင့် အနက်ရောင်တို့ ရောယှက်ထားသည်။ ဓာတ်ပုံ-BNBS)
(အစင်းကြောင်းအနည်းငယ်နှင့် ဆေးသားကွက်မှု တချို့ရှိသည်။ ဓာတ်ပုံ-BNBS)
(Sandringham စံအိမ်တော်ဝန်းအတွင်း ဤကားကို မောင်းနှင်နေသည့် ဘုရင်မကြီးအား တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Getty)
ဤကားသည် နတ်ရွာစံသွားသော ဘုရင်မကြီး အနှစ်သက်ဆုံး ဖြစ်ခဲ့ပြီး Sandringham စံအိမ်တော်တွင် တော်ဝင်မိသားစုတာဝန်ကို တစ်နှစ်တာ ထမ်းဆောင်ခဲ့သည်။
လက်ရှိပိုင်ရှင်က ကားကို ဝယ်ယူပြီးနောက်ပိုင်း ၁၄ နှစ်တာ ကာလအတွင်း မိုင်ပေါင်း ၄၀၀၀၀ ကျော် စီးထားသည်။
အင်္ဂလန်အနောက်ပိုင်း Warwickshire ခရိုင် Ashorne ဒေသအခြေစိုက် ကားလေလံအဖွဲ့ဖြစ်သော Iconic Auctioneers မှ ကျွမ်းကျင်ပညာရှင်တို့က ဤကားကို လေလံပွဲတွင် ပေါင် ၃၅၀၀၀ ဝန်းကျင်ဖြင့် လေလံအောင် ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
၂၀၀၈ ခုနှစ်ထုတ် Land Rover Defender 90 TDCi စတေရှင်ဝက်ဂွန်းကားသည် အင်္ဂလန်အရှေ့ပိုင်းရှိ ဧက ၂၀၀၀၀ ကျယ်ဝန်းသော Norfolk ကျေးလက်အပန်းဖြေစခန်းတွင် ၁၈ လတာ ရှိနေခဲ့သည်။
အင်္ဂလန်ပြည့်ရှင် Edward VII က ၁၈၆၂ ခုနှစ်တွင် ဝယ်ယူခဲ့သော Sandringham စံအိမ်တော်ဝန်းအတွင်း ဘုရင်မကြီးက ဤကားကို စီးနင်းခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် Warwickshire ခရိုင် Gaydon ကျေးရွာရှိ Land Rover Special Vehicle Operation သို့ ရောက်ရှိခဲ့သည်။
ဤမော်ဒယ်ကို ၁၉၄၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယာဉ်မောင်းများအကြား ဆယ်စုနှစ် ၆ ခုကျော် ရေပန်းစားခဲ့သည်။
(2.4 Litre အင်ဂျင်တပ်ဆင်ထားသည်။ ဓာတ်ပုံ-BNPS)
(လာမည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် လေလံတင်မည် ဖြစ်သည်။ ဓာတ်ပုံ-BNPS)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Royal Land Rover from Queen’s Sandringham Estate up for auction at wildly low price & monarch clocked just 679 miles (Thesun)
Photo Credit: BNPS, Getty