- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရန်ကုန်-မန်းလေး ကားဝယ်ရောင်းဈေးကွက် တည်ငြိမ်နေ
ရန်ကုန်-မန်းလေး ကားဝယ်ရောင်းဈေးကွက် တည်ငြိမ်နေ
- 257 views
ရန်ကုန်-မန်းလေးကားဝယ်ရောင်းဈေးကွက်မှာ လက်ရှိအခြေအနေတွင်အရောင်းအဝယ် တည်ငြိမ်အေးစက်နေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်နေသူများထံမှ သိရသည်
ဂျပန်တစ်ပတ်ရစ်ကား ဝယ်ရောင်းဈေးကွက်အတွင်း ကားဈေးနှုန်းများ ကျဆင်းနေသော်လည်း ဝယ်သူမရှိသလောက် အခြေအနေမျိုး ရောက်ရှိနေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ကားဈေးကွက်က တော်တော်လေးပျက်သွားတယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့လကတိုင် ဈေးလျှော့ရောင်းတာတောင် ဝယ်မယ့်သူက အတော်နည်းနေတယ်။ ကားဝယ်ရောင်းလုပ်လာတာ ကြာပါပြီ။ ဒီလောက် ဈေးကွက်ပျက်တာမျိုး မကြုံသေးဘူး။ ဝယ်သူက ကားဈေးတွေ ဆက်တိုက်ကျနေတဲ့အတွက် ထပ်ကျမလားဆိုပြီး စောင့်နေတဲ့ သဘောမှာရှိတယ်။” ဟု ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ကားဈေးနှုန်းများမှာ ယခင်နှစ်ထက် ထက်ဝက်နီးပါးကျဆင်းနေကြောင်း၊ ဈေးလျော့ရောင်းချမှုများ ရှိနေကြောင်းကို ကားဈေးကွက်အတွင်းမှ သိရှိရသည်။
ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက ရွှေနှင့်ဒေါ်လာဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခဲ့သောကြောင့် ရင်းနှီးမြှုပ်နှံလိုသူအချို့ ကားဈေးကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံကြသဖြင့် ကားဈေးကွက်မှာ ပုံမှန်လည်ပတ်ခဲ့ကြောင်းသိရသည်။
ကားဈေးကွက်တွင် ဈေးနှုန်းမတည်မငြိမ်ဖြစ်နေခြင်းမှာ ဝယ်ရောင်းသမားများနှင့် ကားပွဲစားများ၏ အမြတ်တင်ဈေးခေါ်ရောင်းချမှုကြောင့်ဟု ကားဝယ်လိုသူများက ပြောကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com