- ပင်မစာမျက်နှာ
- ကားသတင်းများ
- မြန်မာနိုင်ငံရှိ တောနက်ကြီးထဲတွင် ကန်ဒေါ်လာ ၃၇၀,၀၀၀ ခန့်တန်ကြေးရှိ အလွန်တရာရှားပါးသော ပြိုင်ကားတစ်စင်း စွန့်ပစ်ထားသည်ကို ဆန်းကြယ်စွာ တွေ့ရှိခဲ့ကြောင်း အင်္ဂလန်အခြေစိုက် The Sun သတင်းဌာနက ဖော်ပြ
မြန်မာနိုင်ငံရှိ တောနက်ကြီးထဲတွင် ကန်ဒေါ်လာ ၃၇၀,၀၀၀ ခန့်တန်ကြေးရှိ အလွန်တရာရှားပါးသော ပြိုင်ကားတစ်စင်း စွန့်ပစ်ထားသည်ကို ဆန်းကြယ်စွာ တွေ့ရှိခဲ့ကြောင်း အင်္ဂလန်အခြေစိုက် The Sun သတင်းဌာနက ဖော်ပြ
- 2299 views
မြန်မာနိုင်ငံရှိ တောနက်ကြီးတစ်ခုထဲတွင် အလွန်တရာရှားပါးသော ပြိုင်ကားတစ်စင်း ပျက်စီးမှုများဖြင့် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း အင်္ဂလန်အခြေစိုက် The Sun သတင်းဌာနက ဖော်ပြသည်။
တွေ့ရှိခဲ့သောကားမှာ Lamborghini Aventador LP 750-4 SV ဖြစ်ပြီး တန်ကြေးအားဖြင့် ပေါင် ၃၀၀၀၀၀ (ကန်ဒေါ်လာ ၃၇၆၀၀၀) ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
မည်သည့်တောဖြစ်ကြောင်း နေရာအတိအကျ ရေးသားဖော်ပြထားခြင်း မရှိချေ။
ဖုန်အလိမ်းလိမ်းဖြင့် စွန့်ပစ်ထားသော ယခုကားတွေ့ရှိမှုအပေါ် ကားဝါသနာအိုးတို့အကြား စဉ်းစားရခက်သည့် အကြောင်းရပ်တစ်ခု ဖြစ်နေသည်။
(မြန်မာနိုင်ငံတောနက်ကြီးထဲတွင် စွန့်ပစ်ထားသော ရှားပါးပြိုင်ကား။ ဓာတ်ပုံ-Instagram/@supercar.fails)
(ကားတန်ကြေးမှာ ပေါင် ၃၀၀,၀၀၀ ခန့် ရှိနိုသည်ဟု ခန့်မှန်းရသည်။ ဓာတ်ပုံ-Instagram/@supercar.fails)
(အဆိုပါ မော်ဒယ်မှာ စုစုပေါင်း အစင်းရေ ၆၀၀ သာ ထုတ်လုပ်ထားသည်။ ဓာတ်ပုံ-Instagram/ @teamsalamone)
အဆိုပါကား မြန်မာနိုင်ငံရှိ တောနက်ကြီးအတွင်း စွန့်ပစ်ထားပုံကို Instagram ဗွီဒီယိုတစ်ခုတွင် တွေ့ရခြင်း ဖြစ်သည်။
ကားမှာ မှန်များကွဲနေပြီး ကားအတွင်းပိုင်းတွင် မှန်ကွဲစများ ပြန့်ကျဲနေသည်။
ထိုင်ခုံများပေါ်တွင် ကတ္ထူဘူးများ တွေ့ရပြီး လေကာမှန်မှာလည်း နေရာများစွာတွင် ထိခိုက်မှုများ ဖြစ်ထားသည်ကို တွေ့ရသည်။
ဤကားမှာ တစ်နာရီလျှင် ၂၁၇ မိုင်နှုန်း မောင်းနှင်နိုင်ပြီး စုစုပေါင်း အစင်းရေ ၆၀၀ သာ ရှိသည်။
0 to 60 mph အမြန်နှုန်းကို ၂ ဒသမ ၈ စက္ကန့်အတွင်း ရရှိနိုင်ပြီး အင်ဂျင်ပါဝါမှာ ၇၅၀ hp ရှိသည်။
စွန့်ပစ်ခံ ပြိုင်ကားနှင့် စပ်လျဉ်းပြီး အွန်လိုင်းသုံးစွဲသူတို့အကြား ခန့်မှန်းပြောဆိုမှု များစွာ ရှိနေသည်။
မြန်မာနိုင်ငံမှ အချမ်းသာဆုံး မိသားစုများအနက် တရားမဝင်ချမ်းသာကြွယ်ဝလာသူတို့ ပိုင်ဆိုင်ထားသော ကားဖြစ်နိုင်ကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။
သတင်းများအရ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်သော ရာဇဝတ်အဖွဲ့ကြီးတွင် မိသားစု ၄ ခု ပါဝင်ကြောင်း ဖော်ပြသည်။
အွန်လိုင်းလိမ်လည်သော အဖွဲ့တို့သည် တရုတ်နယ်စပ် ရှမ်းပြည်နယ် ၊ ကိုးကန့်ဒေသတွင် လုပ်ငန်းလည်ပတ် ခဲ့ပြီး နှစ်စဉ် ဝင်ငွေ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိသည်ဟု ဆိုသည်။
အဆိုပါ မိသားစုတို့၏ မော်တော်ကားဖြစ်နိုင်ဖွယ်ရှိကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။
ယခုကား ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်း မည်သို့မည်ပုံ ဆက်လက် ဖြစ်ပျက်ခဲ့သည်ကိုမူ မသိရချေ။
(ကားကို ဖုန်အလိမ်းလိမ်းဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Instagram/@supercar.fails)
(မှန်များကွဲနေပြီး ကားထဲတွင် ကတ္ထူဘူးများ တွေ့ရသည်။ ဓာတ်ပုံ-Instagram/@supercar.fails)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mystery as abandoned £300,000 ultra-rare supercar found deep in the JUNGLE covered in dirt and left to rot (thesun)
Photo Credit: instagram/@supercar.fails