- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က ဈေးအသက်သာဆုံး EV ကို တောင်အမေရိက ဈေးကွက်တွင် စတင်မိတ်ဆက်ရာ ဈေးနှုန်း ဒေါ်လာ ၂၀၀၀၀ မှ စတင်
BYD က ဈေးအသက်သာဆုံး EV ကို တောင်အမေရိက ဈေးကွက်တွင် စတင်မိတ်ဆက်ရာ ဈေးနှုန်း ဒေါ်လာ ၂၀၀၀၀ မှ စတင်
- 418 views
တရုတ်ပြည်၏ EV ထိပ်သီး BYD သည် ၎င်း၏ ဈေးအသက်သာဆုံး လျှပ်စစ်ကားဖြစ်သော Seagull ကို တောင်အမေရိကဈေးကွက်တွင် စတင်မိတ်ဆက်သည်။
BYD Seagull သည် ပြည်ပဈေးကွက်တွင် Dolphin Mini ဟူသောအမည်ဖြင့် မိတ်ဆက်ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၂၀၁၀၀ မှ စမည် ဖြစ်သည်။
Seagull ကို ပြီးခဲ့သော မေလတွင် ဈေးကွက်သို့ စတင်ဖြန့်ချိခဲ့ပြီးနောက်ပိုင်း အဆိုပါ entry-level လျှပ်စစ်ကားမှာ BYD ၏ အရောင်းရဆုံး မော်ဒယ်ဖြစ်လာခဲ့သည်။
တရုတ်ပြည်တွင် ပြီးခဲ့သောနှစ်အတွင်း Seagull EV အစင်းရေ ၂၈၀၀၀၀ ကျော် ရောင်းချခဲ့ရသည်။
Seagull ၏ ရောင်းအားမှာ BYD ၏ နာမည်ကြီး Dolphin နှင့် Yuan Plus (ပြည်ပတွင် Atto 3) တို့ထက် များပြားခဲ့သည်။
Seagull သည် လျှပ်စစ် Hatchback ဖြစ်ပြီး တရုတ်ပြည်တွင် ဗားရှင်း ၂ မျိုး ဝယ်ယူရရှိနိုင်သည်။
တစ်မျိုးမှာ 30.08 kWh ဘက်ထရီတပ်ဆင်ထားပြီး တရုတ်ပြည်တွင် စမ်းသပ်ထားမှုများအရ မိုင် ၁၉၀ ကျော် မောင်းနှင်နိုင်သည်။
အခြားတစ်မျိုးမှာ 38.88 kWh ဘက်ထရီတပ်ဆင်ထားပြီး ၂၅၁ မိုင် မောင်းနှင်နိုင်သည်ဟု ဆိုသည်။
Seagull သည် အလျား ၃၇၈၀ မီလီမီတာ (၁၄၉ လက်မ ) ၊ ဗျက် ၁၇၁၅ မီလီမီတာ (၆၈ လက်မ) နှင့် အမြင့် ၁၅၄၀ မီလီမီတာ (၆၁ လက်မ) ရှိသည်။
Seagull သည် Chevrolet Bolt EV ထက်ပင် ပိုမိုသေးငယ်သည်။
Chevrolet Bolt မှာ 170’’ L ×70’’ W ×64’’H ရှိသည်။
BYD က အဆိုပါဗားရှင်း ၂ မျိုးလုံးကို ဥရုဂွေးနိုင်ငံတွင် ဖြန့်ချိခဲ့ပြီး Dolphin Mini EV300 နှင့် Mini EV 400 ဟူသောအမည်များဖြင့် ဖြစ်သည်။
(BYD Seagull။ ဓာတ်ပုံ-BYD)
NEDC Range (ဥရောပတွင် စမ်းသပ်ချက်) အရ ပထမဗားရှင်းမှာ ၁၈၆ မိုင်အထက် မောင်းနှင်နိုင်ပြီး ဈေးမှာ ကန်ဒေါ်လာ ၂၁၉၉၀ မှစပြီး ဒုတိယဗားရှင်းမှာ NEDC Range ၂၄၈ မိုင်ရှိပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၃၉၉၀ ဖြစ်သည်။
BYD ၏ ဥရုဂွေးနိုင်ငံဆိုင်ရာ ဝက်ဘ်ဆိုက်တွင် အဆိုပါကားများကို Seagull ဟုသာ ဖော်ပြထားသော်လည်း ဓာတ်ပုံများအရ ကားနံပါတ်ပြားတွင် BYD Dolphin Mini ဟု တွေ့ရသည်။
(BYD Seagull။ ဓာတ်ပုံ-BYD)
လက်ရှိအားဖြင့် ဘရာဇီးတွင် အရောင်းရဆုံးလျှပ်စစ်ကားမှာ Dolphin ဖြစ်ပြီး Dolphin Mini မှာ တောင်အမေရိကတိုက်တွင် ဈေးအသက်သာဆုံး BYD EV ဖြစ်လာမည် ဖြစ်သည်။
(BYD Seagull။ ဓာတ်ပုံ-BYD)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD is launching its cheapest EV in South America, starting at $20,000 (electrek)
Photo Credit: BYD