• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဒူဘိုင်းမှ ကားစုဆောင်းသူတစ်ဦးက ၂၀၂၀ ခုနှစ်တွင် Mercedes-AMG One ကို ဒေါ်လာ ၂ ဒသမ ၄၅ သန်း ဖြင့် ဝယ်ယူခဲ့ပြီး ၁ မိုင်မျှပင် မမောင်းဘဲ သိမ်းဆည်းထာကာ ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၄၅ သန်းဖြင့် ပြန်လည်ရောင်းချ

ဒူဘိုင်းမှ ကားစုဆောင်းသူတစ်ဦးက ၂၀၂၀ ခုနှစ်တွင် Mercedes-AMG One ကို ဒေါ်လာ ၂ ဒသမ ၄၅ သန်း ဖြင့် ဝယ်ယူခဲ့ပြီး ၁ မိုင်မျှပင် မမောင်းဘဲ သိမ်းဆည်းထာကာ ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၄၅ သန်းဖြင့် ပြန်လည်ရောင်းချ

  • 167 views

Mercedes-AMG ONE မော်ဒယ်၏ ပထမဆုံးကားမှာ ဝယ်လက်ထံပို့ဆောင်ခဲ့ပြီး တစ်နှစ်အကြာတွင် ဈေးကွက် သို့ ပြန်လည်ရောက်ရှိနေသည်။

ဒူဘိုင်းအခြေစိုက် ထူးခြားသောကားများ ရောင်းချသည့်ကုမ္ပဏီ F1rst Motors မှ အရောင်းဈေးကွက်တင်လာ သော Mercedes-AMG ONE သည် ဂျာမန်ကားကုမ္ပဏီကြီး Mercedes က အဆိုပါ မော်ဒယ်အတွက် ပထမဆုံး ထုတ်လုပ်ခဲ့သော ကားဖြစ်သည်။

အတွင်းပိုင်းကို Jet-black အရောင်၊ Petronas green အရောင်တို့ဖြင့် ရောယှက်မွမ်းမံထားသည်။

 

 

Mercedes သည် ၎င်းထံမှ Hypercar ဝယ်ယူသူတို့ကို သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်မရောင်းချ ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခိုင်းထားသည်။

ကန့်သတ်ကာလမှာ ၁၂ လ ဝန်းကျင်ဖြစ်လေ့ရှိသည်။

၂၀၂၀ ပြည့်နှစ်က မှာယူခဲ့သော Mercedes-AMG ONE ၏ Odometer တွင် မိုင်နှုန်း ၀ ဟု ပြသထားသည်။

 

 

ကျွန်ုပ်တို့သည် ယခင်ကလည်း Mileage နည်းပါးသော ပြိုင်ကားများကို တွေ့ခဲ့ဖူးသော်လည်း ဤကားမှာမူ သုညမိုင် ပြသနေသည့် ပထမဆုံးကားဖြစ်သည်။

ဤကားတွင် အနက်ရောင်အတွင်းပိုင်း ၊ ကာဗွန်ဖိုက်ဘာ၊ Alcantara ထိုင်ခုံသားနှင့် ရှုပ်ထွေးသောချုပ်ရိုးတို့ တွေ့ရသည်။
ယခုကားနှင့် ပတ်သက်၍ သိရသည်မှာ ဤမျှသာ ဖြစ်သည်။

 

 

ဈေးကွက်တင်မှတ်တမ်းတွင် ကား၏ ဇစ်မြစ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ဖော်ပြထား ခြင်း မရှိချေ။

သို့သော် နည်းပညာအဆင့်မြင့်ဆုံး ကားတစ်စင်းကို Zero-mileage ဖြင့် တွေ့ရခြင်းမှာ အလွန်အံ့အားသင့်ဖွယ် ကောင်းသည်။

ပြန်လည်မရောင်းချရန် သဘောတူထားသည့်ကာလ ကုန်ဆုံးပါက အမြတ်တင်ကာ ရောင်းထုတ်ရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်သည်။

 

 

Mercedes-AMG ONE နမူနာကားကို ဂျာမနီနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ ကားပြပွဲတွင် ပထမဆုံးစတင်ချပြခဲ့သည်။

အဆိုပါဗားရှင်းကို Formula1 နှင့် ဆက်နွယ်မှု ပြသသောအနေဖြင့် One ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

 

 

ဤပြိုင်ကားတွင် F1 မှ ဆင်းသက်သော နည်းပညာများ အသုံးပြုထားရာ 1.6 Liter V6 turnocharged အင်ဂျင် တပ်ဆင်ထားသည်။

ထိုအင်ဂျင်သည် F1 W06 ပြိုင်ကား၏ အင်ဂျင်ပင် ဖြစ်သည်။
F1 W06 သည် ၂၀၁၅ ခုနှစ် ကားပြိုင်ပွဲ ရာသီအတွင်း ပြိုင်ပွဲ ၁၉ ခုအနက် ၁၆ ခု အနိုင်ရရှိထားသည်။

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  An anonymous collector in Dubai ordered a $2.45 million Mercedes-AMG One hypercar in 2020. Over the years he did not drive it even for a single mile and is now selling the limited edition car for $5.45 million.  (luxurylaunches)

 
 Photo Credit:  luxurylaunches