- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်ကားတပတ်ရစ်ဆီစားသက်သာသော မော်ဒယ်နိမ့်ကားလေးများသာ ပုံမှန်အရောင်းအဝယ်ဖြစ်နေ
ဂျပန်ကားတပတ်ရစ်ဆီစားသက်သာသော မော်ဒယ်နိမ့်ကားလေးများသာ ပုံမှန်အရောင်းအဝယ်ဖြစ်နေ
- 967 views
“လျှပ်စစ်ကားနဲ့ ဂျပန်ကားဈေးကွက်က သုံးစွဲသူတွေရဲ့ ငွေကြေး rating ပိုင်းနဲ့ပဲ သက်ဆိုင်လာမှာပါ”
လက်ရှိဂျပန်ကားဈေးကွက်အခြေအနေက ဂျပန်ကားတပတ်ရစ်ဆီစားသက်သာတဲ့ကားလေးတွေက ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးမြင့်ပြီး အင်ဂျင်ပါဝါကြီးက မော်ဒယ်မြင့်ကားတွေကတော့ ပုံမှန်ပေါက်ဈေးရှိရင်တော့ အရောင်းအဝယ်ဖြစ်နိုင်ပြီး ဈေးအရမ်းတင်ရောင်းတဲ့ကားတွေကတော့ ဝယ်လက်မရှိပါဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုသက်နိုင်ကပြောပါတယ်။
ကားဈေးနှုန်းတွေ ကတော့ မော်ဒယ်နိမ့်၁၃၀၀စီစီ ကားများဆိုလျှင်ကျပ်သိန်း ၃၀၀ကနေ ၄၀၀ကြားရှိပြီး hondafit GE6 တို့ဆိုရင် ကျပ်သိန်း၄၀၀ကနေ၄၅၀ကြားရှိတယ်လို့ဆိုပါတယ်။ ကားဈေးနှုန်းတွေကတော့ တစ်နေ့ ထက် တစ်နေ့ နည်းနည်းပိုတက်လာပြီး ပြီးခဲ့တဲ့နှစ်ထက်ကားဈေးနှုန်းများမှာ နှစ်ဆခန့်ဖြစ်လာတာကိုလည်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာတွေ့မြင်နေရပါတယ်။ လက်ရှိ အခြေအနေမှာ ကားဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ်လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောင်းချသည့်ကုမ္ပဏီများနှင့် ယင်းကားများလည်း ရောက်ရှိလာနေသည့်အပေါ် ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ”EV ကားဈေးကွက်နဲ့ယှဉ်မယ်ဆိုရင် ဂျပန်ကားဈေးကွက်က သူ့အနေအထားနဲ့သူတော့ရှိနေပါတယ်။ သူဈေးတန်း နဲ့ သူတော့ရှိနေမှာပါ။ သုံးစွဲသူကလည်း ကိုယ်သုံးမယ့်ပမာဏကို တွက်ချက်ပြီး ရွေးချယ်သွားနိုင်ပါတယ်။ ဥပမာ - ဂျပန်ကားက ဈေးအရမ်းမာနေတယ်။ မြင့်နေတယ်ဆိုရင် တစ်ဖက် ကားဈေးကလည်း ဈေးအသင့်အတင့်ရှိနေတယ်ဆိုရင် သုံးစွဲသူကစဉ်းစားမှာပါပဲ။ ဘာကြောင့်လဲဆိုရင် EV ကားဆိုရင် အသစ်ရမယ်။ ဆီကားဆိုရင်တပတ်ရစ်ရမယ်။ အဲ့လိုမျိုးပေါ့ ။ နောက်ပိုင်းကျရင်တော့ လျှပ်စစ်ကားနဲ့ ဂျပန်ကားဈေးကွက်က သုံးစွဲသူတွေရဲ့ rating ပိုင်းနဲ့ပဲ သက်ဆိုင် လာမှာပါ” လို့သူရဲ့သုံးသပ်ချက်ကို အခုလိုပဲပြောပြထားပါတယ်။
“ ကားဈေးတွေကအရင်နှစ်နဲ့စာရင်အများကြီးတက်သွားတယ်။ ငွေဈေးအပြောင်းအလဲကြောင့်လို့လဲ ဆိုကြပါပဲ။ အရင်က သိန်း ၁၀၀ ကျော်ပဲပေးရတဲ့အိမ်စီးကားတွေကအခုဆိုရင် သိန်း ၄၀၀ကျော်ဖြစ်နေကြ ပြီ။ သုံးစွဲသူအနေနဲ့ပြောရရင်အခုချိန်မှာ ကားဝယ်စီးဖို့က အတော်စဉ်းစားရပါလိမ့်မယ်”လို့ မအေးသီတာ (အမည်လွှဲ) ကပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com