- ပင်မစာမျက်နှာ
- ကားသတင်းများ
- Bugatti Chiron မော်ဒယ်အတွက် နောက်ဆုံးအဖြစ် ထုတ်လုပ်သောကား ကနေဒါလုပ်ငန်းရှင်ထံ ရောက်ရှိ၊ 1500hp အားထွက်ပြီး တန်ကြေး ကန်ဒေါ်လာ ၃ သန်းရှိ
Bugatti Chiron မော်ဒယ်အတွက် နောက်ဆုံးအဖြစ် ထုတ်လုပ်သောကား ကနေဒါလုပ်ငန်းရှင်ထံ ရောက်ရှိ၊ 1500hp အားထွက်ပြီး တန်ကြေး ကန်ဒေါ်လာ ၃ သန်းရှိ
- 195 views
Bugatti Chiron မော်ဒယ်၏ နောက်ဆုံးအဖြစ် ထုတ်လုပ်သောကားမှာ မှာယူထားသူထံ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။
W16 hyper ကား၏ ထုတ်လုပ်မှု အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
ပြင်သစ်ကားကုမ္ပဏီ Bugatti က မကြာသေးမီက ထုတ်ပြန်သည်မှာ Chiron ၏ နောက်ဆုံးအဖြစ် ထုတ်လုပ် သော ကားကို Molsheim ရှိ စက်ရုံမှ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကားသည် Chiron 1500 PS မော်ဒယ်အတွက် နောက်ဆုံးဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
(Via Twitter / @Bugatti)
Bugatti Chiron အမျိုးအစားမှ Chiron Super Sport 300+ ၏ နောက်ဆုံးအဖြစ် ထုတ်လုပ်သောကားကို ၂၀၂၂ ခုနှစ်မှ ထုတ်လုပ်ခဲ့သည်။
Bugatti Chiron မှ Chiron Profilee တစ်စင်းကို ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၈ သန်းဖြင့် လေလံတင် ရောင်းချခဲ့ဖူးသည်။
သို့သော် Chiron ၏ မျိုးကွဲများဖြစ်သော Chiron Pur Sport , Mistral နှင့် Bolide တို့ကို မှာယူထားသူများထံ ဆက်လက်ပို့ဆောင်သွားဦးမည် ဖြစ်သည်။
Bugatti ကုမ္ပဏီက ပြောသည်မှာ လာမည့်လအနည်းငယ်အတွင်း Chiron မျိုးကွဲများကို နောက်ဆုံးဖြစ် ထုတ်လုပ်ကာ မှာယူထားသူများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောသည်။
(Via Twitter / @Bugatti)
Chiron 1500 PS မှာ တောက်ပြောင်လှပသော Nocture အနက်ရောင်နှင့် တောက်ပသော Copper လိမ္မော်ရောင်တို့ ရောယှက်ကာ ထုတ်လုပ်ထားသည်။
အပြင်ပိုင်း ထူးခြားချက်အားဖြင့် မြင်းခွာပုံ grille တွင် Copper လိမ္မော်ရောင်ဖြင့် နံပါတ် ၁၆ စာလုံးကို ပုံဖော်ထားသည်။
အတွင်းပိုင်းတွင် Belgua အနက်ရောင်နှင့် ကြေးနီရောင် လည်သာတို့ဖြင့် မွမ်းမံထားသည်။
(Via Twitter / @Bugatti)
ရှေ့ခန်းရှိ Console နှင့် တံခါးဘောင်တို့ကို လက်ရေးစာလုံးဖြင့် The Final 1500 hp Chiron ဟု ရေးသားထားသည်။
အင်ဂျင်အနေဖြင့် Bugatti ၏ အားကောင်းသော 8.0 -liter W16 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၅၀၀ အားထွက်သည်။
(Via Twitter / @Bugatti)
နောက်ဆုံးအဖြစ် ထုတ်လုပ်လိုက်သော Chiron 1500 PF ကို ကနေဒါလုပ်ငန်းရှင်ဖြစ်သူ Bilal Hydrie ထံ ပေးပို့လိုက်ပြီ ဖြစ်သည်။
အဆိုပါ လုပ်ငန်းရှင်က အင်စတာဂရမ်တွင် ရေးသားခဲ့မှုအရ Chiron ၏ နောက်ဆုံးအဖြစ် ထုတ်လုပ်မည့် ကားကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း မှာယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၃ သန်းအထက် တန်ကြေးရှိသည်ဟု ဆိုသည်။
(Via Twitter / @Bugatti)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: After a wait of 2 years, a Canadian entrepreneur has taken delivery of the final Bugatti Chiron. The customized 1500-HP supercar customized through the Ser Mesure program was priced upwards of $3 million. (luxurylaunches)
Ref: Via Twitter / @Bugatti