- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်္ဂလန်တွင် ရဲတပ်ဖွဲ့က ၎င်းတို့ဒဏ်ရိုက်ခဲ့သော ယာဉ်မောင်း ၉၀၀ နီးပါးကို ဒဏ်ငွေပြန်အမ်း
အင်္ဂလန်တွင် ရဲတပ်ဖွဲ့က ၎င်းတို့ဒဏ်ရိုက်ခဲ့သော ယာဉ်မောင်း ၉၀၀ နီးပါးကို ဒဏ်ငွေပြန်အမ်း
- 284 views
အင်္ဂလန်နိုင်ငံတွင် လက်သရမ်းသူတို့က အမြန်နှုန်းတိုင်း ကင်မရာများကို မြင်ကွင်းရှုထောင့် နေရာပြောင်းထား သောကြောင့်ဟုဆိုကာ ရဲတပ်ဖွဲ့က ၎င်းတို့ ဒဏ်ငွေချမှတ်ခဲ့သော ယာဉ်မောင်း ၉၀၀ နီးပါးကို ဒဏ်ကြေးငွေ ပေါင် ၈၈၀၀၀ ခန့် ပြန်ပေးခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အင်္ဂလန်နိုင်ငံ၊ ဘုန်းမောက်မြို့၊ A338 လမ်းမကြီးပေါ်ရှိ တစ်နာရီမိုင် ၅၀ သာမောင်းနှင်ရမည့်ဇုန်နယ်တွင် တပ်ဆင်ထားသော အမြန်နှုန်းတိုင်း ကင်မရာသည် ချိန်သားလွဲနေသည်ကို Dorset ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
“A338 လမ်းမကြီးရဲ့ အမြန်နှုန်းကန့်သတ်ချက်ဇုန်ထဲက အမြန်နှုန်းတိုင်းကိရိယာတွေဟာ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာ တွေ့ရပါတယ်”
ရဲတပ်ဖွဲ့က ကင်မရာများကို ရွှေ့ပြောင်းမှုများ လုပ်သည့် လူရမ်းကားများအပေါ် အပြစ်ဖို့ခဲ့ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်အကြား အဆိုပါကင်မရာဖြင့် ဖမ်းဆီး အရေးယူကာ ဒဏ်ငွေချမှတ်ခံခဲ့ရသော ယာဉ်မောင်း ၈၄၄ ဦးကို ရဲတပ်ဖွဲ့က ပြန်လည်ဆက်သွယ်ခဲ့သည်။
အမြန်နှုန်းတိုင်း ကင်မရာဖြင့် ဒဏ်ငွေ ပေါင် ၁၀၀ မှ ၁၂၀ ကြားချမှတ်ခံခဲ့ရသော ယာဉ်မောင်းများကို ဒဏ်ငွေ များ ပြန်အမ်းပေးခဲ့သည်။
ထို့အပြင် ပြစ်ဒဏ်အမှတ်များ ပေးခံရသူတို့ကိုလည်း အမှတ်များ ပြန်နှုတ်ပေးခဲ့သည်ဟု ဆိုသည်။
ထိုသို့ ဒဏ်ရိုက်ခံခဲ့ရသော ယာဉ်မောင်းများကို Dorset ရဲတပ်ဖွဲ့က ပြန်လည်တောင်းပန်ခဲ့သည်။
(အသက် ၃၅ နှစ်အရွယ်အမျိုးသမီး Jade Graham မှာ ဒဏ်ကြေးငွေ ပြန်အမ်းခံရသော ယာဉ်မောင်း ၈၄၄ ဦး တွင် မပါဝင်ချေ။ သို့သော် ၂၀၂၂ ခုနှစ်အတွင်း သူမအား ၂ လအတွင်း အမြန်နှုန်းချိုးဖောက်မှုဖြင့် ၃ ကြိမ် အရေးယူခဲ့မှုကို ပယ်ဖျက်ပေးရန် တောင်းဆိုလျက် ရှိသည်)
(ဘုန်းမောက်မြို့၊ A338 လမ်းမကြီးပေါ်ရှိ တစ်နာရီမိုင် ၅၀ အမြန်နှုန်း ကန့်သတ်ဇုန်တွင် အမြန်နှုန်းတိုင်း ကင်မရာတစ်ခုကို တွေ့ရပုံ)
(ရဲတပ်ဖွဲ့က ကင်မရာများကို ရွှေ့ပြောင်းမှုများ လုပ်သည့် လူရမ်းကားများအပေါ် အပြစ်ဖို့ခဲ့ကြသည်။ A338 လမ်းမကြီး၏ အမြန်နှုန်းကန့်သတ်ချက်ဇုန်တွင်းမှ အမြန်နှုန်းတိုင်းကိရိယာတို့သည် ပြည်ထဲရေးဌာနမှ ထုတ်ပြန် ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိဟု ဆိုသည်)
(Dorset ရဲတပ်ဖွဲ့က ဒဏ်ရိုက်ခံခဲ့ရသော ယာဉ်မောင်းတို့ထံ အီးမေးပေးပို့ကာ အဆင်မပြေမှုများ ရင်ဆိုင်ခဲ့ရမှု အတွက် တောင်းပန်ကြောင်း ရေးသားထားကာ အရေးယူခဲ့မှုကို ပြန်လည်ပယ်ဖျက်ပေးကြောင်းလည်း ဖော်ပြ ထားသည်)
သို့သော် ရာပေါင်းများစွာသော ယာဉ်မောင်းတို့က ပြောသည်မှာ A338 လမ်းမကြီးပေါ်မှ အမြန်နှုန်းတိုင်း ကင်မရာများ မှန်မှန်ကန်ကန် လုပ်ဆောင်ချက်မရှိသည်မှာ Dorset ရဲတပ်ဖွဲ့က ဖော်ပြခဲ့သော ကာလထက် ပိုမို ရှည်လျားကြောင်း ပြောဆိုလျက်ရှိသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အကြား အမြန်နှုန်းကျော်လွန်မောင်းနှင်မှု ဒဏ်ရိုက်ခဲ့မှုများအပေါ် ၎င်းတို့က ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုလျက်ရှိသည်။
အမျိုးသမီးတစ်ဦးက ပြောသည်မှာ သူမ၏ ကား ထိန်းချုပ်စနစ်ကို 50mph နှုန်းတွင်သာ ထားရှိထားသော်လည်း 58mph နှုန်း မောင်းနှင်မှုဖြင့် ဒဏ်ရိုက်ခံရကြောင်း ပြောသည်။
(မစ္စ ဂရေဟမ်က ပြောသည်မှာ သူမအား ပထမအကြိမ် အမြန်နှုန်းဒဏ်ရိုက်မှု ၂ ခုကို ပေးဆောင်ခဲ့ကြောင်း၊ သို့သော် တတိယအကြိမ် ဒဏ်ရိုက်ခံရသောအခါတွင်မူ အဆိုပါကင်မရာများ လုပ်ဆောင်ချက် မှားယွင်းနေမှု အပေါ် တရားရုံးတွင် တရားစွဲခဲ့ကြောင်း ပြောသည်။ တရားသူကြီးတို့က သူမ၏ တင်ပြမှုအပေါ် စာနာမှု ပြသ ခဲ့ကြသော်လည်း ကင်မရာလုပ်ဆောင်ချက်လွဲမှားကြောင်း သက်သေမပြနိုင်သည့်အတွက် ပေါင် ၁၀၀၀ ဒဏ်ရိုက်ခဲ့သည်)
(သို့သော် ရာပေါင်းများစွာသော ယာဉ်မောင်းတို့က ပြောသည်မှာ A338 လမ်းမကြီးပေါ်မှ အမြန်နှုန်းတိုင်း ကင်မရာများ မှန်မှန်ကန်ကန် လုပ်ဆောင်ချက်မရှိသည်မှာ Dorset ရဲတပ်ဖွဲ့က ဖော်ပြခဲ့သော ကာလထက် ပိုမိုရှည်လျားကြောင်း ပြောဆိုလျက်ရှိသည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အကြား အမြန်နှုန်းကျော်လွန် မောင်းနှင်မှု ဒဏ်ရိုက်ခဲ့မှုများအပေါ် ၎င်းတို့က ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုလျက်ရှိသည်။)
(Dorset ရဲတပ်ဖွဲ့က ယာဉ်မောင်း ၈၄၄ ဦးအား ၎င်းတို့ မှားယွင်းဒဏ်ရိုက်ခဲ့ကြောင်း အကြောင်းကြားခဲ့သည်)
၂၀၁၁ ခုနှစ်အတွင်းကလည်း Dorset ခရိုင်၊ Chideock ကျေးရွာမှ A35 လမ်းမကြီးပေါ်ရှိ အမြန်နှုန်းတိုင်း ကင်မရာမှာ ၁၀ နှစ်ခန့် လုပ်ဆောင်ချက်မှားယွင်းနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းပေါင်း ၂၄၅၀၀ ကျော်ကို ပေါင် ၁ ဒသမ ၅ သန်းနီးပါး ဒဏ်ငွေ ပြန်အမ်းခဲ့ရမှု ဖြစ်ပေါ်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Police refund £88,000 fines to drivers caught by dodgy camera as they say vandals moved it out of line - but motorists believe more offences should be quashed (dailymail)
Photo Credit: BNPS