- ပင်မစာမျက်နှာ
- ကားသတင်းများ
- Games of Thornes ရုပ်ရှင်ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ Jason Momoa က သူ၏ ၁၉၂၉ ခုနှစ်ထုတ် Rolls-Royce Phantom II ကို EV ကားအဖြစ် ပြောင်းလဲ
Games of Thornes ရုပ်ရှင်ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ Jason Momoa က သူ၏ ၁၉၂၉ ခုနှစ်ထုတ် Rolls-Royce Phantom II ကို EV ကားအဖြစ် ပြောင်းလဲ
- 183 views
(Jason Momoa ဘယ်သူလဲ)
ဂျေဆင် မိုမိုဝါ (Jason Momoa) (မွေး ၁၉၇၉) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး Baywatch Hawaii ဒရာမာဇာတ်လမ်းတွဲ (၁၉၉၉-၂၀၀၁) တွင် Jason loane အဖြစ် ပါဝင်မှုဖြင့် ရုပ်ရှင်လောကသို့ စတင် ဝင်ရောက်သည်။
ယင်းနောက်သိပ္ပံဆန်းကြယ်ဇာတ်လမ်းတွဲ Stargate Atlantis (၂၀၀၅-၂၀၀၉) တွင်လည်းကောင်း၊ HBO ၏ Game of Thornes ဇာတ်လမ်းတွဲ ပထမ season ၂ ခုတွင်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။
သူသည် Discovery Channel ၏ သမိုင်းနောက်ခံဇာတ်လမ်းတွဲ Frontier (၂၀၁၆-၂၀၁၈) တွင် ခေါင်းဆောင် မင်းသားနေရာမှ ပါဝင်ခဲ့သည်။
((၁၉၂၉ ခုနှစ်ထုတ် Rolls-Royce Phantom II ကို EV ကားအဖြစ် ပြောင်းလဲခြင်း))
ဂျေဆင် မိုမိုဝါသည် ၁၉၂၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Rolls-Royce ကားကို ၂၁ ရာစုသို့ ဆောင်ကြဉ်းလာခဲ့သည်။
Game of Thornes ဖြင့် လူသိများသူ ဂျေဆင်မိုမိုဝါသည် ၁၉၂၉ ခုနှစ်ထုတ် Rolls-Royce Phantom II ကို EV ကားအဖြစ် ပြောင်းလဲရန်အတွက် Electrogenic ကုမ္ပဏီထံ အပ်နှံခဲ့သည်။
“ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် တကယ်လုပ်နိုင်မယ့်သူကို ရှာဖွေခဲ့ရပါတယ်”ဟု ဂျေဆင်က ပြောသည်။
“ဒီကားရဲ့ နည်းပညာပိုင်းကို အဆင့်မြှင့်တင်ပေးတဲ့ တချိန်တည်းမှာပဲ သူ့ရဲ့ သမိုင်းကြောင်းကို ထိန်းသိမ်းပေး မယ့် အဖွဲ့ကို ကျွန်တော်လိုချင်တဲ့တယ်”
အဆိုပါ အိပ်မက်ကို Electrogenic က အကောင်အထည်ဖော်ပေးခဲ့သည်။
Electrogenic သည် ဗြိတိန်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂန္ထဝင်ကားများကို လျှပ်စစ်ကားများအဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းဖြင့် လူသိများသည်။
ယင်းကုမ္ပဏီသည် EV ယာဉ်များတွင်သုံးသော ပစ္စည်းကိရိယာများကိုလည်း ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်သည်။
(မှတ်ချက်။ Robbreport သတင်းဌာနမှ သတင်းအဖွဲ့က ထိုကုမ္ပဏီ၏ Porsche 911 ကားအား လျှပ်စစ်ကား အဖြစ် ပြောင်းလဲထားသောကားကို ပြီးခဲ့သောနှစ် မတ်လက စမ်းသပ်မောင်းနှင်ကြည့််ခဲ့သည်ဟု ဆိုသည်)
(Phantom ၏ ကားကိုယ်ထည်မှာ H.J.Mulliner & Co က ထုတ်လုပ်သော ကိုယ်ထည်ကို အသုံးပြုထားသည်။ ဓာတ်ပုံ-MADEBYFINN.COM)
“Electrogenic ဟာ vintage ကားတွေကို ဂုဏ်ပြုပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ကားရဲ့ ဝိသေသလက္ခဏာတွေ မပျောက်ပျက်စေဘဲ လျှပ်စစ်ကားအဖြစ် ပြောင်းလဲပေးပါတယ်”
Electrogenic သည် ဗြိတိန်ထုတ်ကား၏ ၁၉၂၀ ပြည့်လွန်ကာလများက လက်ရာကို မဖျက်ဆီးဘဲ ခေတ်မီ အဆင့်မြှင့်တင်ခဲ့ပုံရသည်။
နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော Phantom II သည် H.J.Muliner & Co ၏ မူရင်းကိုယ်ထည်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး အလွန်အသံငြိမ်သော လျှပ်စစ် powertrain ကို ပြောင်းလဲထားခဲ့သည်။
(မှတ်ချက်။ အခြားသော Electrogenic က ပြောင်းလဲပေးခဲ့သော ကားများနည်းတူ ဤကားကိုလည်း ဆီကား အဖြစ် ပြန်လည်ပြောင်းလဲနိုင်သည်ဟု ဆိုသည်)
သို့သော် ဤကားကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲရသည်မှာ မလွယ်ကူလှ။
Electrogenic ၏ ဒါရိုက်တာ Steve Drummond က ပြောသည်မှာ ဤကားသည် မိမိတို့အဖွဲ့ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ရသော ကားအားလုံးတွင် လျှပ်စစ်ကားအဖြစ် ပြောင်းလဲရသည်မှာ အရှုပ်ထွေးဆုံးကား ဖြစ်ကြောင်း ပြောသည်။
Electrogenic မှ အင်ဂျင်နီယာများ၊ ပရိုဂရမ်သမားများ၊ ဈေးကွက်တွင် ဝယ်မရသောပစ္စည်းများ ထုတ်လုပ်ပေး သူတို့နှင့် ပူးပေါင်းကာ ၁၈ လခန့် အချိန်ယူပြောင်းလဲခဲ့ရသည်။
Rolls-Royce Phantom II တွင် မူလက 7.7-liter အင်ဂျင်တပ်ဆင်ထားခြင်းဖြစ်ပြီး four-speed manual ဂီယာဘောက်ဖြင့် ဖြစ်ကာ မြင်းကောင်ရေအား ၄၀ မှ ၅၀ ကြား ထွက်ခဲ့သည်။
အင်ဂျင်နှင့် ဂီယာဘောက်တို့ကို ဖယ်ရှားလိုက်ပြီး 93kWh ဘက်ထရီ တပ်ဆင်ခဲ့သည်။
ကား၏ မူလဖွဲ့စည်းပုံကိုမူ modify ပြုလုပ်ခဲ့ခြင်း မရှိချေ။
(ကား၏ မူရင်း ထိန်းချုပ်ကိရိယာများနှင့် ဒိုင်ခွက်များကို ပြန်လည်အသုံးပြုခဲ့သည်။ ဓာတ်ပုံ-Rick Noel/ Sprite Photography)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Jason Momoa Converted His 1929 Rolls-Royce Phantom II Into an EV (robbreport)
Photo Credit: RICK NOEL/SPRITE PHOTOGRAPHY