- ပင်မစာမျက်နှာ
- ကားသတင်းများ
- အခုနှစ် စက်တင်ဘာလအထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်ပေါင်း (၁၆၀၀၀) ကျော်ရှိနေ
အခုနှစ် စက်တင်ဘာလအထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်ပေါင်း (၁၆၀၀၀) ကျော်ရှိနေ
- 158 views
၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိ စည်းကမ်းဖောက်ဖျက်လို့ အရေးယူထားတဲ့ YBS ယာဉ်အမှုပေါင်း (၁၆၀၀၀) ကျော် ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။
ဒီအမှုတွေထဲမှာ ခရီးသည်တွေက တိုင်ကြားတာအများဆုံးဖြစ်ပြီး မီးနီဖြတ်မောင်းလို့ အရေးယူတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ဆိုပါတယ်။
YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ကုမ္ပဏီအုပ်ချုပ်မှုမတူတဲ့ ယာဉ်လိုင်းတွေဟာ နံပါတ်တူဖြစ်နေတဲ့အတွက် စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အခါ တိတိကျကျ မတိုင်ကြားနိုင်ပဲဖြစ်နေတာပါ။ အဲ့ဒါကြောင့် YBS နံပါတ်တွေကို (၁) ခုစီခွဲပြီး ပြေးဆွဲပေးတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ကထုတ်ပြန်ထားပါတယ်။
ပြည်သူများအနေနဲ့လည်း YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အခါ အခြားနံပါတ်တူ ယာဉ်တွေနဲ့ ရောနှောတာတွေ မဖြစ်နိုင်တော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ကနေ ထုတ်ပြန်ထားပါတယ်။ အခုလို နံပါတ်တွေ ပြောင်းလဲလိုက်ပေမယ့်လည်း ယာဉ်လမ်းကြောင်းတွေကိုတော့ အရင်အတိုင်း မပြောင်းလဲဘဲ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com