- ပင်မစာမျက်နှာ
- ကားသတင်းများ
- “ကားဆို ကြီးကြီးမှ ကြိုက်တယ်” မြယာ
“ကားဆို ကြီးကြီးမှ ကြိုက်တယ်” မြယာ
- 415 views
မကြာသေးမီကမှ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုရရှိသွားသော ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးသည့် “The Teacher” ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သရုပ် ဆောင်ထားပြီး လတ်တလော အနုပညာလှုပ်ရှားမှုများအနေဖြင့် ဇာတ်ကားရိုက်ကူးခြင်းများ ရှိလာနေတဲ့ သရုပ်ဆောင် မြယာ က “မြက ကားမောင်းသင်တာတောင် သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကမှ စသင်ထားတာပေါ့နော်။ ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ သိပ်အများကြီးမရှိပါဘူးရှင့်။ ဘယ်သွားသွားဖေဖေ၊ မေမေတို့ပဲ မောင်းပြီးပို့ ပေးတာဆိုတော့လေ။ ကိုယ်တိုင်တော့ သိပ်မမောင်းဖြစ်ပါဘူး။”
“မြက ကားဆိုရင် ပိစိသေးသေးလေးတွေ သိပ်မကြိုက်ဘူး။ ခရီးသွားလို့ကောင်းတဲ့၊ ပစ္စည်း တွေအများကြီးထည့် ယူသွားလို့ရတဲ့ ကားအကြီးကြီးတွေကို ပိုကြိုက်ပါတယ်။ ပိုသဘောကျပါတယ်။”
“မြက ကားအမျိုးအစားတွေတော့ သိပ်မသိဘူးပေါ့နော်။ ဒါပေမဲ့ မြကခရီးသွားရတာသဘောကျတဲ့သူဆိုတော့ ကိုယ်သွားတဲ့အခါ ကိုယ်ယူချင်တာတွေ အများကြီးတင်ယူ သွားလို့ရတဲ့ ကားအကြီးကြီးတွေစီးရတာကို ပိုကြိုက်ပါတယ်ရှင့်” ဟု
iMyanmarHouse နှင့် CarsDB ကို ပြောပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com