ပြည်တွင်းမှာ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၃၀၀) ကျော် မှတ်ပုံတင်ထား

  • 165 views

ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ် ဇန်နဝါရီလကနေ အခုနှစ် ဇန်နဝါရီလအထိ ပြည်တွင်းမှာ EV ယာဉ်အမျိုးမျိူး အစီးရေ (၅၃၀၈) စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အဲဒီထဲမှာ လူစီးဇိမ်ခံ EV ယာဉ်တွေ၊ ကုန်တင်ယာဉ် (ဝန်ပေါ့)၊ EV ဆိုင်ကယ်၊ EV သုံးဘီးယာဉ်အမျိုးမျိုး ပါဝင်တယ်လို့လည်း သိရပါတယ်။

လက်ရှိပြည်တွင်း EV ဈေးကွက်ထဲမှာ EV လူစီးယာဉ်အစီးရေ (၂၂၁၇) စီး ၊ EV ကုန်တင်ယာဉ် (ဝန်ပေါ့) အစီးရေ (၁၁) ။ EV ဆိုင်ကယ်အစီးရေ (၂၈၃၆) ၊ EV သုံးဘီးယာဉ် အစီးရေ (၂၄၄) စီး စုစုပေါင်း (၅၃၀၈) စီး မှတ်ပုံတင်ခွင့် ပြုထားတာဖြစ်ပါတယ်။ ပြည်တွင်း EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်နေတာ (၁၃) လ ကျော်ကာလရှိပြီဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလတစ်လထဲမှာပဲ EV အစီးရေ (၃၀၀) ကျော် တင်သွင်းထားပါသေးတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း (၈၀၀) ကျော်ကနေ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးအမျိုးရှိနေပါတယ်။ လက်ရှိမှာတော့ EV ယာဉ်နဲ့ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကုမ္ပဏီ(၈၀) ကျော်ကို လုပ်ကိုင်ခွင့်ပြုပေးထားပေမယ့် အမှန်တကယ် လုပ်ငန်းလည်ပတ်နေတာကတော့ ကုမ္ပဏီ (၃၀) ကျော်ပဲ ရှိသေးတယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင် သူတွေက ပြောပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com