- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်တွင် ဂန္ထဝင်ကားပေါင်း အစင်း ၃၀၀ နီးပါး စွန့်ပစ်ထားသော ၁၈ ဧက ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် နေအိမ်တို့ကို ဒေါ်လာ ၄၀၀၀၀၀ ဖြင့် ရောင်းမည်
အမေရိကန်ပြည်တွင် ဂန္ထဝင်ကားပေါင်း အစင်း ၃၀၀ နီးပါး စွန့်ပစ်ထားသော ၁၈ ဧက ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် နေအိမ်တို့ကို ဒေါ်လာ ၄၀၀၀၀၀ ဖြင့် ရောင်းမည်
- 700 views
နေအိမ်တစ်လုံး ၊ ကားဂိုဒေါင်တစ်ခု ၊ ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် မရေတွက်နိုင်အောင် များပြားသည့်ကားများ ပိုင်ဆိုင်ရေးမှာ လူအများစု၏ အိပ်မက် ဖြစ်သည်။
သင့်အနေဖြင့် ဒေါ်လာ ၄၀၀၀၀၀ တက်နိုင်မည်ဆိုပါက ထိုအရာအားလုံး ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးတစ်ခုကို Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ဖော်ပြထားရာ သင့်အိပ်မက်များ အမှန်တကယ်ဖြစ်လာစေမည့် အခွင့်အလမ်းလည်း ဖြစ်သည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု ၊ New Hampshire ပြည်နယ် ၊ Canaan မြို့တွင် ဖြစ်သည်။
“သင်က ကားဝါသနာရှင်တစ်ယောက်လား”ဟူ၍ အဆိုပါ ခြံဝန်းအရောင်းကြော်ငြာကို စတင်ထားသည်။
ခြံဝန်းကြီးအတွင်း Parts of the Past အမည်ရှိ ကားသင်္ချိုင်းကြီးတစ်ခု ရှိနေသည်။
၁၈ ဧကကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း ဂန္ထဝင်ကား အစင်းရေ ၃၀၀ နီးပါး ရှိနေသည်။
ဟောင်းနွမ်းပျက်စီးမှု အခြေအနေအမျိုးမျိုးရှိပြီး အချို့ကားများမှာ ကောင်းမွန်သော အသွင် ရှိသေးသည်။
အခြားကားများမှာမူ သင့်အနေဖြင့် ကိုင်တွယ်မကြည့်ရှုမီ မေးခိုင်ကာကွယ်ဆေးထိုးထားရန် လိုအပ်သည်။
( Parts of the Past အမည်ရှိ ကားသင်္ချိုင်းကြီးမှ ဂန္ထဝင်ကားများနှင့် ဂိုဒေါင်တစ်ခု )
ဓာတ်ပုံအချို့တွင် တွေ့မြင်ရမှုအရ ကားအများစုမှာ ၁၉၇၀ မတိုင်မီက ဖြစ်ပြီး အားလုံးမှာမူ အမေရိကန်ထုတ် များ မဟုတ်ချေ။
တွေ့ရှိရသော ကားများအနက် Chrysler ကားဟောင်းအချို့ ၊ DeSoto နှင့် Nash Metropolitan တို့မှာ ချက်ချင်းမမှတ်မိနိုင်အောင် ယိုယွင်းနေသည်။
ကားတံခါးများ စုပုံထားသော အပုံတစ်ခုလည်း တွေ့ရရာ ကားများစွာမှာ အစိတ်အပိုင်းများ ဖြုတ်ယူခံထားရ ကြောင်း ပြသနေပြီး ပစ္စည်းအစုံအလင်ရှိနေသော ကားအစင်းရေ မည်မျှရှိသည်ကို မသိရချေ။
အချို့ကားများမှာ ပျက်စီးယိုယွင်းနေသော ကိုယ်ထည်သက်သက်သာ ဖြစ်နိုင်ပြီး အချို့ကားများကမူ ပြန်လည် ပြင်ဆင်၍ ရနိုင်သည်။
(နေအိမ်တွင်း မြင်ကွင်း။ )
ခြံဝန်းအတွင်းရှိ ဂိုဒေါင်ကို ကားများပြန်လည်မွမ်းမံရန် နေရာအဖြစ် အသုံးပြုနိုင်ပြီး ခြံဝန်းကျယ်ကြီးအတွင်းရှိ တောအုပ်မြေအတွင်း လှည့်လည် အပန်းဖြေနိုင်သည်။
ပင်မနေအိမ်မှာ အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါသော နေအိမ်ဖြစ်သည်။
ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး အပြီးမသတ်ခဲ့သည့် အသွင်ရှိသည်။
အခန်းတိုင်းနီးပါးတွင် သံမှိုများ တန်းလန်းဖြစ်နေပြီး ရေချိုးခန်းမှာလည်း မွမ်းမံမှု တစ်ပိုင်းတစ်စ ဖြစ်သည်။
နေအိမ်နှင့် အခြေအနေမသိရသော ကားများအကြား မည်သည့်အရာက ဒေါ်လာ ၄ သိန်း ထိုက်တန်ကြောင်း ပြောနိုင်ရန် ခက်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: House With Nearly 300 Classic Cars on 18 Acres Is One Rough Diamond for $400K (thedrive)
Photo Credit: thedrive