- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဇန်နဝါရီလ တစ်လအတွင်း EV အစီးရေ (၃၀၀) ကျော်တင်သွင်း
ဇန်နဝါရီလ တစ်လအတွင်း EV အစီးရေ (၃၀၀) ကျော်တင်သွင်း
- 273 views
(၂၀၂၄) ခုနှစ် ဇန်နဝါရီလတစ်လအတွင်း ပြည်တွင်း EV ဈေးကွက်ထဲကို Brand အစုံတင်သွင်းခဲ့ပြီး အစီးရေ (၃၄၀) စီး တင်သွင်းခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ စတင်ပြီး EV ယာဉ်နဲ့ဆပ်စက်လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားတဲ့ ကုမ္ပဏီ (၈၁) ခုအထိ ရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်လုံး EV ကားအစီးရေ (၁၈၀၀) ကျော်တင်သွင်းထားပြီးအခု ဇန်နဝါရီလတစ်လထဲမှာပဲ EV မော်တော်ယာဉ်အစီးရေ (၃၀၀) ကျော် တင်သွားထားတာကြောင့် အစီးရေ (၂၀၀၀) ကျော် ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ မှတ်ပုံတင်ခွင့်ပြုထားတဲ့ EV မော်တော်ယာဉ်တွေထဲမှာ ကုန်တင်(ဝန်ပေါ့) EV မော်တော်ယာဉ်တွေလည်းပါဝင်လာတယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
EV ကဏ္ဍကို Pilot Project အဖြစ် လုပ်ဆောင်နေတာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ မူလရည်မှန်းထားတဲ့ တစ်နှစ်ကို EV ကား အစီးရေ (၃၀၀၀၀) တင်သွင်းဖို့ကိုတော့ ပြည့်မီတာမရှိသေးပါဘူး။ အခု EV တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီ (၈၀) ကျော်ရှိလာပြီဖြစ်လို့ EV ယာဉ်အစီးရေ ပိုတင်သွင်းနိုင်မှာဖြစ်တယ်လို့ ကားဝယ်ရောင်းတချို့က ပြောပါတယ်။
လက်ရှိ EV ကားဈေးကွက်ကို လူစိတ်ဝင်စားမှုရှိနေပြီး EV ကားဈေးနှုန်းတွေဟာဆိုရင်လည်း အမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၈၀၀) ကျော်ကနေ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိ နေပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com