- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်လိုင်းပေါင်း (၅၀) တွင် YPS QR Code စနစ်နဲ့ငွေပေးချေနိုင်
YBS ယာဉ်လိုင်းပေါင်း (၅၀) တွင် YPS QR Code စနစ်နဲ့ငွေပေးချေနိုင်
- 289 views
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း(၅၀)တွင် QR Code စနစ်နဲ့ Mobile ဖုန်းကနေတစ်ဆင့် ငွေပေးချေနိုင်ပြီဖြစ်တယ်လို့ YPS (Yangon Payment Service) မှသိရပါတယ်။ အခုအသုံးပြုနေတဲ့ ကတ်စနစ်အပြင် ဖုန်းနဲ့ပါ ငွေပေးချေနိုင်တဲ့စနစ်ကို အကောင်အထည်ဖော်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစနစ်ကိုကျင့်သုံးနေလို့ ငွေပေးချေစက်ပိတ်ထားတဲ့ ယာဉ်မောင်းတွေကို အရေးယူသွားမယ်လို့လည်း YRTC က ပြောဆိုထားပါတယ်။ အဲဒီငွေပေးချေစက်ပိတ်ထားတဲ့ ယာဉ်မောင်းတွေကို တွေ့ရှိပါက ယာဉ်လိုင်းနံပါတ်နဲ့ ယာဉ်နဲ့ပါတ်ကို မှတ်သားထားပြီး YRTC ရုံးကို တိုက်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဖုန်းနဲ့ငွေပေးချေတဲ့စနစ်ဟာ iOS ဖုန်းတွေနဲ့ မော်ဒယ်နိမ့် Andorid ဖုန်းများမှာ အသုံးပြုလို့မရနိုင်ဘူးလို့ ခရီးသည်တွေက သူတို့ရဲ့အခက်အခဲကိုပြောပါတယ်။
အခုပြေးဆွဲနေတဲ့ YBS (55)၊ YBS (13) ၊ YBS(57)၊ YBS (63)၊ YBS (42)၊ YBS (65)၊ YBS (22)၊ YBS (64)၊ Y BS (111)၊ YBS (133)၊ YBS (134)၊ YBS (84)၊ YBS(135)၊ Y BS (142)၊ YBS (130)၊ YBS (136)၊ YBS (138)၊ YBS (139)၊ YBS (39)၊ YBS (21)၊ YBS (131)၊ YBS (80) ၊ YBS (81) ၊YB S (132)၊ YBS (85) YBS (76) ၊ YBS (27)၊ YBS (66)၊ YBS (79) ၊ YBS (12)၊ YBS (14)၊ YBS (25)၊ YBS (30)၊ YBS (3 8)၊ YBS (117)၊ YBS (128) ၊ YBS (100)၊ YBS (103)၊ YBS (19)၊ YBS (40)၊ YBS (35)၊ YBS (61)၊ YBS (68)၊YBS (13 7)၊YBS (62)၊ YBS(87)၊ YBS (108)၊ YBS (88)၊ YBS (37)၊ YBS (43)၊ YBS (96)၊ YBS (104)၊ YBS (109)၊ YBS (72)၊ YBS (89) ယာဉ်လိုင်းတွေဖြစ်ပြီး QR Code စနစ်ကို အသုံးပြုနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com