- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်နိုင်ငံထုတ် EV ကား အစီးရေ (၁၆၀ )ကျော်နဲ့ EV ဆိုင်ကယ် (၂၀၀)ကျော် ပြည်တွင်းဆိပ်ကမ်းတွေကို ရောက်ရှိလာ
တရုတ်နိုင်ငံထုတ် EV ကား အစီးရေ (၁၆၀ )ကျော်နဲ့ EV ဆိုင်ကယ် (၂၀၀)ကျော် ပြည်တွင်းဆိပ်ကမ်းတွေကို ရောက်ရှိလာ
- 204 views
တရုတ်နိုင်ငံ EV ကား အစီးရေ (၁၆၇) စီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းဆိပ်ကမ်းတွေကို ရောက်ရှိလာလို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စီစစ်ပြီး တင်သွင်းလာတဲ့သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အဲဒီ EV ယာဉ်တွေဟာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံထုတ် NETA U ၊ NETA V ၊ BYD SEAGULL စတဲ့ မော်ဒယ်မြင့် EV လူစီးမော်တော်ယာဉ်တွေ အပြင် EV မော်တော်ဆိုင်ကယ် အစီးရေ (၂၃၂) စီး မြန်မာ့စက်မှုဆိပ်ကမ်းကိုရောက်ရှိ လာတယ်လို့လည်း သိရပါတယ်။
လက်ရှိပြည်တွင်း EV မော်တော်ယာဉ်အစီးရေ (၂၀၀၀) ကျော်နဲ့ EV ဆိုင်ကယ် အစီးရေ (၂၀၀၀) ကျော် ပြည်တွင်းမှာ မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကနေ သိရပါတယ်။ ပြည်တွင်း EV ဈေးကွက်ထဲမှာ တော့ မော်ဒယ်အမျိုးအစားပေါ်မူတည်ပြီး ငွေကျပ်သိန်း(၆၀၀)ကျော်ကနေ သိန်း(၂၀၀၀) ကျော်အထိ အမျိုးမျိုးပေါက်ဈေးရှိနေပါတယ်။
ဒါ့အပြင် EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ Pilot Project အနေနဲ့ လုပ်ဆောင်နေပြီး အားသွင်းရုံတွေအပါအဝင် EV အသုံးပြုမှုနဲ့ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေပါလုပ်ဆောင်နေပြီး ကျွမ်းကျင်သင်တန်းတွေလည်း ပေးနေတယ်လို့ စက်မှုဝန်ကြီးဌာနကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com