- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြည်တွင်းစက်သုံးဆီဈေးဆက်တိုက်မြင့်တက်နေပြီး (92) တစ်လီတာကို (၂၇၆၅) ကျပ်အထိမြင့်တက်လာ
ပြည်တွင်းစက်သုံးဆီဈေးဆက်တိုက်မြင့်တက်နေပြီး (92) တစ်လီတာကို (၂၇၆၅) ကျပ်အထိမြင့်တက်လာ
- 128 views
အခုနှစ်ဆန်းပိုင်းကစပြီး ဆက်တိုက်ဆိုသလို ဈေးမြင့်တက်လာခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ အခုဖေဖော်ဝါရီလ ပထမအပတ်ဖြစ်တဲ့ ( ၂ ) ရက်နေ့မှာပဲ 92 တစ်လီတာကို (၂၇၆၅ ) ကျပ်အထိ ဈေးမြင့် တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် စတဲ့မြို့ကြီးတွေအပါအဝင် တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း ဈေးမြင့်တက်လာကြောင်း သိရပါတယ်။
ဇန်နဝါရီလနောက်ဆုံးအပတ် စက်သုံးဆီဈေးနှုန်းတွေဟာ 92 တစ်လီတာကို ငွေကျပ် (၂၇၀၅) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၄၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၄၅၀) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၁၅) ကျပ် အထိရှိခဲ့ပါတယ်။
လက်ရှိဖေဖော်ဝါရီလ (၂) ရက်နေ့ထိလည်း စက်သုံးဆီဈေးနှုန်းတွေဟာဆက်လက်မြင့်တက်ခဲ့ပြီး 92 တစ်လီတာကို ငွေကျပ် (၂၇၆၅) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၉၀) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၅၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၆၀၀) ကျပ်အထိ ရှိခဲ့တာကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com