- ပင်မစာမျက်နှာ
- ကားသတင်းများ
- လျှပ်စစ်သုံးယာဉ်တွေ ပိုမိုအသုံးပြုလာနိုင်လို့ Charging Station တိုးချဲ့တည်ဆောက်ကြဖို့တိုက်တွန်း
လျှပ်စစ်သုံးယာဉ်တွေ ပိုမိုအသုံးပြုလာနိုင်လို့ Charging Station တိုးချဲ့တည်ဆောက်ကြဖို့တိုက်တွန်း
- 116 views
ပြည်တွင်းမှာ လျှပ်စစ်သုံးယာဉ်တွေ အသုံးပြုနှုန်းများလာနိုင်တာကြောင့် Charging Station တွေတိုးချဲ့တည်ဆောက်ဖို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ တင်သွင်းခွင့်ပြုထားတဲ့ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းနိုင်တဲ့ စနစ်တွေ ပြည့်စုံအောင်ထားရှိရမယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းမှာမှတ်ပုံတင်ထားတဲ့ လျှပ်စစ်သုံး လူစီးမော်တော်ယာဉ်အပါအဝင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ (၄၀၀၀) ကျော်ရှိနေပါတယ်။ ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ယာဉ်တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးပြုနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်မီးလိုအပ်ချက်ရှိပေမယ့် EV လျှပ်စစ်သုံးယာဉ်တွေ အသုံးပြု မောင်းနှင်နေကြပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်ထဲမှာ လျှပ်စစ်သုံးယာဉ်တွေကို လူစိတ်ဝင်စားမှု မြင့်တက်လာသလို ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။
လျှပ်စစ်သုံးယာဉ်တွေမှာ ထည့်သွင်းထားတဲ့ လီသီယမ်ဘက်ထရီကို စွန့်ပစ်တာနဲ့ပတ်သက်ပြီး စနစ်တကျစွန့်ပစ်ဖို့ လမ်းညွှန်ချက်တွေ ရေးဆွဲဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ လျှပ်စစ်သုံးမော်တော်ယာဉ်တွေ အားသွင်းနေစဉ် မမျှော်လင့်တဲ့ကိစ္စရပ်တွေဖြစ်လာရင် ချက်ချင်းတုန့်ပြန်ဖြေရှင်းနိုင်ဖို့ စီမံချက်ရေးဆွဲထားဖို့လည်း တိုက်တွန်းထားပါတယ်။
လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်အတွင်း အခက်အခဲရှိပါက အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီ (၅) ခုကို အချိန်နဲ့တပြေးညီတင်ပြဖို့ကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com