- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်စီးခနှင့်ပတ်သက်၍ ယာဉ်လိုင်းအလိုက် လုပ်ပိုင်ခွင့်ပေးထားတယ်လို့ YRTC ပြော
YBS ယာဉ်စီးခနှင့်ပတ်သက်၍ ယာဉ်လိုင်းအလိုက် လုပ်ပိုင်ခွင့်ပေးထားတယ်လို့ YRTC ပြော
- 153 views
YBS ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်စီးခကောက်ခံတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာယာဉ်လိုင်းတွေကို လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။ ယာဉ်လိုင်းတချို့ကတော့ ယာဉ်စီးခ ကျပ် (၃၀၀) ကနေ ကျပ် (၄၀၀)ပြောင်းလဲ လိုက်တာကို တရားဝင်ကြေညာတာတွေရှိသလို တရားဝင်မကြေညာဘဲ ယာဉ်စီးခတိုးမြှင့် ကောက်ခံတာတွေလည်း ရှိတယ်လို့ ခရီးသွားပြည်သူတွေကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အတွင်း ယာဉ်စီးခပေးချေတဲ့ပုံစံကို Digital Payment စနစ်ဖြစ်အောင် ပြောင်းလဲနေတာဖြစ်ပြီး YPS ကတ် ဒါမှမဟုတ် QR Code နဲ့ယာဉ်စီးခ ပေးချေမယ်ဆိုရင်တော့ ငွေကျပ် (၃၀၀) ပဲ ကျသင့်မှာဖြစ်တယ်လို့ (YRTC) ကနေ သိရပါတယ်။ YBS ယာဉ်စီးခတွေ တိုးမြှင့်လိုက်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ ဘယ်သွားသွား ကားပေါ်တက်တာနဲ့ ငွေ(၄၀၀)ကျပ် ကျသင့်မှာလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း YBS ခရီးသည်တင်ယာဉ်လိုင်းပေါင်း (၁၁၀)ကျော်က ယာဉ်အစီး (၃၀၀၀) ကျော်နဲ့ နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် (၁) သန်းကျော်ကို ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com