- ပင်မစာမျက်နှာ
- ကားသတင်းများ
- Mr Bean သရုပ်ဆောင် လက်ရှိပိုင်ဆိုင်ထားသော Defender 110 Heritage Edition ကို လာမည့်လတွင် လေလံတင် ရောင်းချမည်
Mr Bean သရုပ်ဆောင် လက်ရှိပိုင်ဆိုင်ထားသော Defender 110 Heritage Edition ကို လာမည့်လတွင် လေလံတင် ရောင်းချမည်
- 324 views
အလွန်တရာရှားပါးလှသော Land Rover Defender ၂ စင်းကို လေလံပွဲတစ်ခုထဲတွင် လေလံတင်ရောင်းချရန် စီစဉ်ထားရာ ဂန္ထဝင်ကားများ စုဆောင်းသူတို့အတွက် တစ်သက်လျှင် တစ်ကြိမ်သာကြုံရမည့် အခွင့်အလမ်း လည်း ဖြစ်သည်။
110 Heritage Edition မှာ လက်ရှိအားဖြင့် Mr Bean (သို့မဟုတ်) ရိုဝမ် အက်ကင်ဆန် ပိုင်ဆိုင်ထားပြီး လာမည့်လတွင် လေလံတင်ရောင်းချမည် ဖြစ်သည်။
110 Heritage Edition မှာ အစင်းရေ ၄၀၀ သာ ထုတ်လုပ်ထားပြီး ယခုကားမှာ ပေါင် ၈၀၀၀၀ ကျော် ရရှိဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် No Time To Die Bond Edition 2021 Defender တစ်စင်းလည်း လေလံတင်မည်ဖြစ်ပြီး Mr Bean သရုပ်ဆောင်၏ Land Rover ထက် ဈေး ၂ ဆရမည်ဟု ခန့်မှန်းထားသည်။
(ရိုဝမ် အက်ကင်ဆန်၏ 110 Heritage Edition)
Land Rover သည် တချိန်က ကမ္ဘာ့အထင်ကရ အဖြစ်ဆုံး off-roader များတွင် ပါဝင်ခဲ့ပြီး ၆၇ နှစ်ကြာ ဖြတ်သန်းပြီးနောက်ပိုင်း Limited Edition များသာ ထုတ်လုပ်တော့သည်။
၂၀၁၅ မှ ၂၀၁၆ ခုနှစ်အကြား Land Rover သည် နောက်ဆုံး Defender Celebration စီးရီးဖြစ်သော Heritage Edition အစင်း ၄၀၀ ထုတ်လုပ်ခဲ့သည်။
ယင်းနောက် ၂၀၂၁ ခုနှစ်တွင် 110 V8 Bond Defender အစင်း ၃၀၀ ထုတ်လုပ်ခဲ့ပြီး ယင်းအနက် ဗြိတိန် ဝယ်လက်များအတွက် ၁၀ စင်းသာ ရောင်းချပေးခဲ့သည်။
ထိုအထဲမှ တစ်စင်းကို ရိုဝမ် အက်ကင်ဆန်က ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ဖော်ပြပါ ကား ၂ စင်းလုံးကို အင်္ဂလန်နိုင်ငံ ၊ Warwickshire ခရိုင် ၊ Stoneleigh Park မြို့တွင် ဖေဖော်ဝါရီ ၂၄ နှင့် ၂၆ အထိ ကျင်းပမည့် လေလံပွဲတွင် လေလံတင် ရောင်းချသွားမည် ဖြစ်သည်။
ရိုဝမ် အက်ကင်ဆန်၏ 110 Heritage Edition မှာ ရည်ညွှန်းဈေး ပေါင် ၆၅၀၀၀ မှ ၈၀၀၀၀ ကြားဖြစ်ပြီး James Bond 110 မှာ ပေါင် ၁၅၅၀၀၀ မှ ပေါင် ၁၇၅၀၀၀ ကြား ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
(ရှေးရိုးဟန် grille နှင့် ရှေးမီးကြီး )
(Grasmere Green ရောင် ဘော်ဒီနှင့် Alaskan White ရောင် အမိုး)
(Land Rover အမှတ်တံဆိပ်)
(Heritage Edition အတွင်းပိုင်း )
(NO07 TTD သီးသန့် နံပါတ်ပြား)
(V8 5.0 Litre Model)
(ဆက်စပ်သတင်း)
Mr. Bean (သို့မဟုတ်) ရိုဝမ် အက်ကင်ဆန် ပြောင်းရွှေ့နေထိုင်သော စံအိမ်သစ်
https://www.imyanmarhouse.com/news/read/1016505
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Rowan Atkinson’s Defender 110 Heritage Edition up for auction at the same time as a Bond Edition 2021 Defender (dailymail)
Photo Credit: dailymail