- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဇန်နဝါရီလ တစ်လနီးပါးအတွင်းဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ (၆၆)သန်းကျော်ရောင်းချပေးထား
ဇန်နဝါရီလ တစ်လနီးပါးအတွင်းဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ (၆၆)သန်းကျော်ရောင်းချပေးထား
- 151 views
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေအပြင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ နှစ်ကုန်ပိုင်းကစပြီး အမေရိကန်ဒေါ်လာတွေ ရောင်းချပေးခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီလ (၁) နေ့ကနေ (၂၉) ရက်နေ့အထိ မြန်နိုင်ငံတော်ဗဟိုဘဏ်နေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ကန်ဒေါ်လာ (၆၆ ဒသမ ၉၄) သန်းရောင်းချထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်နိုင်ငံတော်ဗဟိုဘဏ်နေနဲ့ အခုဇန်နဝါရီလအတွင်း (၁)ရက်နေ့မှာ ဒေါ်လာ (၁၂ ဒသမ ၉၄)သန်း ၊ (၅) ရက်နေ့မှာ ဒေါ်လာ (၁၆) သန်း ၊ (၁၅) ရက်နေ့မှာ ဒေါ်လာ (၁၅) သန်း ၊ (၂၅) ရက်နေ့မှာ ဒေါ်လာ (၉) သန်းနဲ့ (၂၆) ရက်နေ့မှာ ဒေါ်လာ (၅) သန်း ရောင်းချခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက်ပိုင်း သွင်းကုန်သမားတွေ ကုန်ပစ္စည်းတင်သွင်းရာမှာ အဆင်ပြေစေဖို့ ဒေါ်လာတွေ ထုတ်ရောင်းပေးနေတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်က စတင်ပြီး အမေရိကန်ဒေါ်လာတွေကို ထုတ်ရောင်းပေးခဲ့ရာမှာ ဈေးကွက်အတွင်း စုစုပေါင်း ကန်ဒေါ်လာ ၈၉ ဒသမ ၀၉ သန်း ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရှိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com