- ပင်မစာမျက်နှာ
- ကားသတင်းများ
- ခရစ္စတီယာနို ရော်နယ်ဒို ထပ်မံဝယ်ယူလိုက်သော ဒေါ်လာ ၅၀၀၀၀၀ တန်ကြေးရှိ Ferrari Purosangue
ခရစ္စတီယာနို ရော်နယ်ဒို ထပ်မံဝယ်ယူလိုက်သော ဒေါ်လာ ၅၀၀၀၀၀ တန်ကြေးရှိ Ferrari Purosangue
- 360 views
ထူးခြားသော မော်တော်ကား များစွာပိုင်ဆိုင်ထားသူ ခရစ္စတီယာနို ရော်နယ်ဒိုသည် Ferrari Purosangue တစ်စီး ထပ်မံဝယ်ယူလိုက်ကာ ကားပိုင်ဆိုင်မှု ပမာဏကို တိုးချဲ့လာသည်။
စီရော်နယ်ဒိုက အသစ်ဝယ်ယူလိုက်သောကားကို follower ၆၁၇ သန်းရှိသော အင်စတာဂရမ် လူမှုကွန်ရက် အကောင့်မှတဆင့် ချပြလာခြင်း ဖြစ်သည်။
အင်စတာဂရမ်တွင် မျှဝေခဲ့သော ဓာတ်ပုံတွင် တွေ့မြင်ရမှုအရ စီရော်နယ်ဒိုသည် Gucci tracksuit ဝတ်ဆင် ထားပြီး အပြာရင့်ရောင် Ferrari Purosangue ကားဘေးတွင် ရပ်နေပုံ တွေ့ရသည်။
V12 အင်ဂျင်တပ်ဆင်ထားသော အဆိုပါကား၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၀၀၀၀၀ မှ စသည်။
သို့သော် အခြေခံအကျဆုံး ရွေးချယ်စရာများဖြင့်ပင် ဒေါ်လာ ၅၀၀၀၀၀ ကျော်သွားနိုင်သည်။
(စီရော်နယ်ဒိုကို သူ၏ Bugatti Chiron မော်တော်ကားနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Instagram/Cristiano Ronaldo)
ထိုသို့ အလွန်ဈေးနှုန်းမြင့်မားလှသော်လည်း စီရော်နယ်ဒိုဝယ်ယူထားသော အခြားကားများနှင့် ယှဉ်လျှင် ဈေးအကြီးဆုံး မဟုတ်သေးချေ။
အသက် ၃၈ နှစ်အရွယ်ရှိ စီရော်နယ်ဒို ပိုင်ဆိုင်ထားသော ကားများတွင် ဈေးနှုန်းအမြင့်မားဆုံးမှာ Bugatti ပြိုင်ကား ဖြစ်သည်။
Centodieci ဟူသော အဆိုပါကားမှာ စုစုပေါင်း ၁၀ စင်းသာ ထုတ်လုပ်ထားပြီး တစ်စင်းလျှင် ကန်ဒေါ်လာ ၈ ဒသမ ၈၈ သန်း တန်ကြေးရှိသည်။
စီရော်နယ်ဒိုသည် အဆိုပါပြင်သစ်ကားကို အလွန်နှစ်သက်ပြီး သူ၏ အကြိုက်ဆုံး ကားအမှတ်တံဆိပ် ဖြစ်ကြောင်း မကြာခဏ ပြောဖူးသည်။
Ballon d’Or ၅ ကြိမ်ရရှိထားသူ စီရော်နယ်ဒိုသည် Centodieci အပြင် ပုံမှန် Chiron တစ်စင်းလည်း ပိုင်ဆိုင်ထားသည်။
Chiron ကို စီရော်နယ်ဒိုက ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် BUGATTI Veyron 16.4-Grand Sport တစ်စင်းလည်း ပိုင်ဆိုင်ထားသည်။
အဆိုပါကားမှာ စုစုပေါင် ၄၈ စင်းသာ ကန့်သတ်ထုတ်လုပ်ထားသည်။
(စီရော်နယ်ဒိုကို သူ၏ Lamborghini Aventador ကားနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ- Instagram/Cristiano Ronaldo)
စီရော်နယ်ဒိုသည် အလွန်တရာ တန်ဖိုးမြင့်မားပြီး ရှားပါးသော မော်တော်ကားများကို နှစ်သက်သူအဖြစ် လူသိများသည်။
၎င်းဝယ်ယူထားသော ကားများမှာ ကန်ဒေါ်လာ ၂၂ သန်းကျော် တန်ကြေးရှိသည်ဟု ခန့်မှန်းရသည်။
အဆိုပါကားများတွင် ကန်ဒေါ်လာ ၇၆၀၀၀၀ တန်ကြေးရှိ Mercedes G-Wagon Brabus လည်း အပါအဝင် ဖြစ်သည်။
ထိုကားကို သူ၏ ချစ်သူမိန်းကလေးက လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် Lamborghini Aventador လည်း ပိုင်ဆိုင်ထားသည်။
စီရော်နယ်ဒိုသည် ၂၀၂၀ ပြည့်နှစ်အတွင်း Ferrari F12 TDF တစ်စင်းနှင့် Rolls-Royce Cullinan တို့လည်း ဝယ်ယူခဲ့သည်။
၎င်းဝယ်ယူထားသော ကားများအနက် ဒေါ်လာ ၄၅၀၀၀ တန်ကြေးရှိ Chevrolet Camaro မှာ ဈေးအနည်းဆုံး ဖြစ်ဖွယ်ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Behold Cristiano Ronaldo’s latest splurge: a magnificent $500,000 Ferrari Purosangue, the newest star in his opulent $22 million car ensemble. (luxurylaunches)
Photo Credit: Instagram / Cristiano Ronaldo