ဂျက်ဘေဇော့စ် ဘီလျံနာတစ်ဦးဖြစ်လာသည့်တိုင် ၁၉၉၇ ခုနှစ်ထုတ် Honda Accord ကားကို နှစ်ပေါင်းများစွာ စီးနင်းခဲ့

  • 489 views


Amazon.com Inc တည်ထောင်သူ ဂျက်ဘေဇော့စ်သည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ချမ်းသာဓန၊ ငွေကြေးသုံးစွဲမှုတို့နှင့် စပ်လျဉ်းပြီး ဂျက်ဘေဇော့စ်တွင် တမူထူးသော အမြင်တစ်ခု ရှိနေသည်။

ဂျက်ဘေဇော့စ်သည် ဘီလျံနာတစ်ဦးဖြစ်လာပြီးနောက်ပိုင်း ငွေကြေးများစွာ ကြွယ်ဝနေပြီဖြစ်သော်လည်း ၁၉၉၇ ခုနှစ်ထုတ် Honda Accord ကို နှစ်ပေါင်းများစွာ စီးနင်းနေခဲ့သည်။

Brad Stone ရေးသားသော The Everything Store အမည်ရှိ စာအုပ်တွင် ဂျက်ဘေဇော့စ်သည် ၂၀၁၃ ခုနှစ် အထိ Honda ကို စီးနင်းနေဆဲဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ထိုအချက်မှာ ဘီလျံနာသူဌေးကြီးတို့၏ ငွေကြေးသုံးစွဲပုံများနှင့် ဆန့်ကျင်နေသည်။

၁၉၉၉ ခုနှစ်အတွင်း Bob Simon နှင့် 60 Minutes အစီအစဉ်တွင် အင်တာဗျူးလုပ်ခဲ့ရာ၌ ဂျက်ဘေဇော့စ်၏ ကားအကြောင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုအချိန်က Amazon မှာ ၅ နှစ်သက်တမ်းသာ ရှိသေးပြီး အွန်လိုင်းစာအုပ်ဆိုင်ဟုသာ လူသိများခဲ့သည်။

Simon ၏ မေးမြန်းမှုအပေါ် ဂျက်ဘေဇော့စ်က ဖြေကြားခဲ့ရာတွင် ၎င်းသည် Honda Accord စီးနေကြောင်း ၊ ပြီးပြည့်စုံသော ကားတစ်စီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Ford မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ထိုအချိန်တွင် ဂျက်ဘေဇော့စ်မှာ ကန်ဒေါ်လာ ၈ ဘီလီယံခန့် ချမ်းသာကြွယ်ဝနေပြီဖြစ်ကြောင်း ဖော်ပြသည်။
ထိုတွေ့ဆုံမေးမြန်းခန်းတွင် Amazon ယခင်ရုံးချုပ်၏ ရိုးရိုးကုတ်ကုတ်အခြေအနေများကိုလည်း မီးမောင်းထိုး ပြသခဲ့သည်။

ယခင်ရုံးချုပ်နေရာမှာ ဘိန်းဖြူအပ်များ ဖလှယ်ရာနေရာနှင့် လိင်မှုဆိုင်ရာပစ္စည်းများ ရောင်းချသော ဆိုင်တို့ အကြား တည်ရှိသည်။

ဂျက်ဘေဇော့စ်၏ စားပွဲမှာ သစ်သားတံခါး ၊ 4×4 ကားမှ ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။

Simon က စီအီးအိုတစ်ဦး၏ အလုပ်လုပ်ရာနေရာမှာ အဘယ်ကြောင့် မခမ်းနားသည်ကို မေးမြန်းခဲ့သည်။

ဂျက်ဘေဇော့စ်က “ဒါက ငွေကို ဖောက်သည်တွေအတွက်ပဲ အသုံးပြုနေတာကို ပြသပါတယ်”ဟု ဖြေကြားခဲ့သည်။

Simon က ရုံးခန်း၏ အထင်ကြီးဖွယ်မရှိသော အနေအထားနှင့် စပ်လျဉ်းပြီး ဂျက်ဘေဇော့စ်အား “သန့်ရှင်းတဲ့ ကော်ဇောတွေ မထားဘူးလား”ဟု မေးမြန်းခဲ့သည်။

ဆိုင်မွန်က ပြောသည်မှာ ဒီပုဂ္ဂိုလ်ဟာ ကျွန်တော်တို့ခေတ်ရဲ့ တကယ့်အထင်ကရ ပုဂ္ဂိုလ်ပါပဲဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Jeff Bezos Drove A 1997 Honda Accord For Years After Becoming A Billionaire And Still Drove A Honda In 2013 — His Reason? 'This Is A Perfectly Good Car' (finance)