Nio ထုတ် ဒေါ်လာ ၃ သန်းတန် EP9 တရုတ်လျှပ်စစ်ပြိုင်ကား၏ အံ့ဖွယ် Specs

  • 221 views


သင်သည် ကန်ဒေါ်လာ ၃ သန်းသုံးစွဲကာ ကားတစ်စီး ဝယ်ယူမည်ဆိုပါက Nio EP9 လျှပ်စစ်ပြိုင်ကားကို ရရှိနိုင်မည် ဖြစ်သည်။

ဤတရုတ်ထုတ်လျှပ်စစ် ပြိုင်ကားသည် Performance နှင့် ပါဝါပိုင်းတွင် ပြိုင်ဘက်များကိုသာမက ဖော်မြူလာ ဝမ်း ပြိုင်ကားတစ်စင်းထက်ပင် သာလွန်နေသည်။

Nio EP9 သည် စမ်းသပ်မောင်းနှင်မှု မှတ်တမ်းများနှင့် Performance Specs များတွင် ထိပ်တန်းဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း စမ်းသပ်ခဲ့ချိန်က Nio EP9 သည် ကွင်းတစ်ပတ်မောင်းနှင်မှု စံချိန် အလွန်မြန်ဆန်စွာ မောင်းနှင်ခဲ့ပြီး စံချိန်တင်ခဲ့သည်။

Nurburgring တွင်  ၆ မိနစ် ၄၅ စက္ကန့်နှင့် Circuit of the Americas တွင် မောင်းနှင်ရာတွင် ၂ မိနစ် ၄၀ စက္ကန့် စံချိန်များ တင်ထားသည်။

Nio EP9 ၏ အဓိပ္ပာယ်မှာ Electric Performance 9 ဖြစ်သည်။

Nio EP9 သည် အသင့်နီးပါး ဖြစ်နေပြီဖြစ်ပြီး ဈေးကွက်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

Nio EP9 ကို ၂၀၁၆ ခုနှစ်တွင် စတင်ချပြခဲ့ခြင်း ဖြစ်သည်။

Nio သည် တာဝေးသွားနိုင်သော ကားများဖြင့် EV ဈေးကွက်ကို ဦးဆောင်နေပြီး Solid-state ဘက်ထရီများမှာ ၎င်းတို့၏ ဦးစားပေး ဖြစ်သည်။

Nio EP9 ၏ အကြီးတန်း ဒီဇိုင်းဒါရိုက်တာဖြစ်သူ David Hilton က ပြောသည်မှာ Nio EP9 ကို ဆက်လက် စမ်းသပ် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောသည်။

အဆိုပါကားနှင့် စပ်လျဉ်းသည့် မူပိုင်ခွင့်များကို ၂၀၁၉ ခုနှစ်ကတည်းက တင်သွင်းထားခဲ့သည်။

Nio EP9 တွင် စွမ်းအားအလွန်ကောင်းသော ဘက်ထရီတပ်ဆင်ထားပြီး ၇၇၇ ဗို့ Powertrain ပါဝင်သည်။

Nio EP9 တွင် အအေးခံနည်းပညာနှင့်အတူ လျင်မြန်စွာ အားသွင်းနိုင်သော အပြန်အလှန် ဖလှယ်နိုင်သော ဘက်ထရီစနစ် ထည့်သွင်းထားသည်။

ဘက်ထရီ အားအပြည့်သွင်းရန် ၄၅ မိနစ် ကြာမြင့်သော်လည်း အပြန်အလှန် ဖလှယ်သည့်စနစ်ဖြင့် ၈ မိနစ်ခန့်ဖြင့် အားအပြည့်သွင်းနိုင်သည်။

မြင်းကောင်ရေ ၁၃၄၁ အားရှိပြီး မော်တာရုန်းအားမှာ ၁၀၉၁ Pound-feet ရှိကာ ဘီးများ၏ အမြင့်ဆုံးရုန်းအား မှာ ၄၆၇၁ Pound-feet ရှိသည်။

ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားများတွင် ပါဝင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၃၁၄ ကီလိုမီတာ (၁၉၅ မိုင်) မောင်းနှင်နိုင်သည်။

0-200 km/h (0-124 mph) အမြန်နှုန်းကို ၇ ဒသမ ၁ စက္ကန့်အတွင်း (သို့မဟုတ်) နှလုံးခုန်သံ ၅ ချက်အတွင်း ရရှိနိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  The astonishing specs of $3 million Nio EP9 Chinese electric supercar  (supercarblondie)

 Photo Credit:  supercarblondie