- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြည်တွင်းစက်သုံးဆီဈေး တစ်ရက်ထဲ ငွေကျပ် (၁၀၀) နီးပါး ခုန်တက်
ပြည်တွင်းစက်သုံးဆီဈေး တစ်ရက်ထဲ ငွေကျပ် (၁၀၀) နီးပါး ခုန်တက်
- 103 views
ပြည်တွင်းမှာရောင်းချနေတဲ့ (92)(95) ၊ ဒီဇယ် ၊ ပရီမီယံဒီဇယ် ဈေးနှုန်းတွေဟာ တစ်ရက်ထဲမှာပဲ ငွေကျပ် (၁၀၀) နီးပါးဈေးမြင့်တက်ခဲ့တယ်လို့ ပြည်တွင်းစက်သုံးဆီရောင်းချနေတဲ့ဆိုင်တွေကနေ သိရပါတယ်။
စက်တင်ဘာလ (၁၈) ရက်နေ့က (95) တစ်လီတာကို ငွေကျပ် (၂၆၂၅) ကျပ်ရှိရာကနေ စက်တင်ဘာလ (၁၉) ရက်နေ့မှာတော့ တစ်လီတာကို ငွေကျပ် (၂၇၂၀) ကျပ်အထိ ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ဈေးနှုန်းအလှုပ်အခတ်ကြီးမားခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ (၂၀၂၃) နှစ်ကုန်ခါနီးမှာ အနည်းငယ်တည်ငြိမ်လာတာဖြစ်ပါတယ်။ စက်သုံးဆီပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တဲ့ စက်သုံးဆီအခြေအနေကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီး စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေကို တစ်ပတ်တစ်ခါ သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု (၂၀၂၄) ခုနှစ် အစပိုင်းမှာပဲ တစ်ရက်ထဲငွေကျပ် (၁၀၀) ကျော် မြင့်တက်လာတာပါ။
ပြည်တွင်းမှာအသုံးပြုနေတဲ့ စက်သုံးဆီတွေကို စင်ကာပူနိုင်ငံကနေ မှာယူနေရတဲ့အတွက် စင်ကာပူနိုင်ငံရဲ့ စက်သုံးဆီဈေး အတက်အကျပေါ်မူတည်ပြီး ပြည်တွင်းမှာလည်း ဈေးအတက်အကျပြောင်းလဲမှုရှိတယ်လို့ စက်သုံးဆီတင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အရင်နှစ်ကရိုက်ခတ်မှုကြီးမားခဲ့လို့ စက်သုံးဆီတင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်းနဲ့ချီထုတ်ရောင်းခဲ့သလို ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လယ်ယာထွက်ကုန်ကနေရရှိလာတဲ့ ပို့ကုန်ဝင်ငွေ (၇၀) ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းဖို့ နိုင်ငံခြားငွေလဲနှုန်းတွေကိုလည်း လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI) က ပြောဆိုထားပါတယ်။
ဒါ့အပြင် လောင်စာဆီတွေကို တရားမဝင်ရောင်းချနေမှုတွေ ၊ ဈေးကစားလိုတဲ့ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတဲ့သူဆယ်နဲ့ချီ အရေးယူခဲ့တာတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ဒါ့ပေမယ့် စက်သုံးဆီဈေးနှုန်းတွေကတော့ (၂၀၀၀) အထက်မှာပဲရှိနေသေးတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီ ရည်ညွှန်းဈေးနှုန်းတွေအရသိရပါတယ်။
လက်ရှိစက်တင်ဘာလ (၁၉) ရက်နေ့မှာတော့ (92) တစ်လီတာကို ငွေကျပ် (၂၅၈၅) ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၄၃၀) ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာကိုငွေကျပ် (၂၄၅၉) ကျပ် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com