CNG အရောင်းဆိုင်တွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်အစီးရေ ထက်ဝက်လျော့ကျအောင် ဆောင်ရွက်မည်။

  • 318 views


သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG ဂတ်(စ်)လာရောက်ဖြည့်တင်းတဲ့ မော်တော်ယာဉ်အစီးရေ များပြားတဲ့အတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရတယ်လို့ CNG သုံး မော်တော်ယာဉ်မောင်းနှင်သူတွေ ကပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစတင်ပြီး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG ဂတ်(စ်) လာရောက်ဖြည့်တင်းတဲ့ မော်တော်ယာဉ်အစီးရေကို ထက်ဝက်လျော့ကျအောင်ဆောင် စီမံချက်ရေးဆွဲ ဆောင်ရွက်နေတယ်လို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။

ကုန်းတွင်းကရရှိတဲ့ သဘာဝဓာတ်ငွေနဲ့ ကမ်းလွန်ကရရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို CNG အရောင်းဆိုင်တွေဆီကို အပူစွမ်းအင်ထိန်းညှိ ဖြန့်ဖြူးပေးတဲ့စနစ်ကိုအသုံးပြုပြီး ပိုလွှတ်ပေးခဲ့တယ်လို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။ ဒါ့အပြင်လျှပ်စစ်ဓာတ်အားအလှည့်ကျရရှိတဲ့ CNG အရောင်းဆိုင်တွေကို လျှပ်စစ်ဓာတ်အားအမြဲမပြတ်ရရှိဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး CNG အရောင်းဆိုင်တွေမှာရှိတဲ့ စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ CNG ဂတ်(စ်)ပိုက်လိုင်းနဲ့ သွယ်တန်းရောင်းချတဲ့ CNG အရောင်းဆိုင် (၃၅)ဆိုင် ၊ တွဲကားနဲ့လိုက်လံရောင်းချနေတဲ့ ဆိုင် (၆) ဆိုင် စုစုပေါင်း CNG အရောင်းဆိုင် (၄၁)ဆိုင်ရှိပြီး တစ်ရက်ကို YBS (CNG) မော်တော်ယာဉ်အစီးရေ (၂၉၀၀) ကျော် ၊ Taxi နဲ့ mini ယာဉ်ပေါင်း (၂၅၀၀၀) ကျော် ရှိတယ်လို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com