- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘီလ်ဂိတ်က မိုက္ကရိုဆော့ဖ် ဝန်ထမ်းတိုင်း၏ ကားနံပါတ်များကို မှတ်မိပြီး ကားပါကင်ကို ချောင်းမြောင်း စောင့်ကြည့်ခဲ့
ဘီလ်ဂိတ်က မိုက္ကရိုဆော့ဖ် ဝန်ထမ်းတိုင်း၏ ကားနံပါတ်များကို မှတ်မိပြီး ကားပါကင်ကို ချောင်းမြောင်း စောင့်ကြည့်ခဲ့
- 453 views
မိုက္ကရိုဆော့ဖ်သည် Forbes မဂ္ဂဇင်းကြီးက ဖော်ပြသော ၂၀၂၃ ခုနှစ် အကောင်းဆုံးအလုပ်ရှင်များ စာရင်းတွင် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့သည်။
မိုက္ကရိုဆော့ဖ်သည် နယ်ပယ်များစွာတွင် ရလဒ်ကောင်းများ ရှိခဲ့ရာ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှု ၊ အဝေးမှ အလုပ်လုပ်ရန် ရွေးချယ်နိုင်မှု ၊ မီးဖွားချိန်ခံစားခွင့်များ ၊ လူမျိုးဘာသာစုံလင်မှု ၊ အလုပ်-ဘဝ မျှခြေနှင့် ဝန်ထမ်းတို့၏ ဂုဏ်ရှိမှုတို့အပါအဝင် ဖြစ်သည်။
သို့သော် ဘီလ်ဂိတ်က ၁၉၇၀ ပြည့်လွန် အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလများတွင် မိုက္ကရိုဆော့ဖ်ကို တည်ထောင်ရန် ကြိုးစားနေခဲ့ချိန်က အထက်ဖော်ပြပါအချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့မှု ရှိသည်။
ထိုကာလများက ဘီလ်ဂိတ်သည် မိုက္ကရိုမန်နေဂျာ (အလွန်အမင်း စောင့်ကြည့် ထိန်းချုပ်သူ) ဟု နာမည်ကြီး ခဲ့သည်။
ဘီလ်ဂိတ်သည် ဝန်ထမ်းများအား စောင့်ကြည့်ရန်အတွက် ဝန်ထမ်းတိုင်း၏ ကားနံပါတ်များကို မှတ်မိခဲ့သည်ဟု ဆိုသည်။
ဘီလ်ဂိတ်သည် ရုံးပိတ်ရက်များတွင် ကားပါကင်နေရာကို ချောင်းမြောင်း စောင့်ကြည့်လေ့ရှိပြီး မည်သူ့ကား ရှိနေသည်ကို ကြည့်ရှုလေ့ရှိကြောင်း မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen က Vanity Fair သတင်းဌာနသို့ တခါက ပြောခဲ့ဖူးသည်။
ဘီလျံနာများထဲတွင် တင်းကြပ်သော သူဌေးများစာရင်း၌ ဘီလ်ဂိတ်တစ်ဦးတည်းသာ ရှိသည်မဟုတ်။
အချို့သော နာမည်ကျော် လုပ်ငန်းရှင်အချို့ကလည်း စောင့်ကြည့်ထိန်းချုပ်ခြင်းမှာ ကုမ္ပဏီအောင်မြင်စေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိသည်။
သို့သော် မကြာသေးမီနှစ်များအတွင်း အဆိုပါ ဦးဆောင်မှုပုံစံအပေါ် သဘောမတူမှုများ ရှိလာသည်။
တင်းကြပ်သော စီမံခန့်ခွဲမှုသည် အောင်မြင်မှုရရန် မရှိမဖြစ် ထားရှိရမည့် အချက်လော (သို့တည်းမဟုတ်) ဝန်ထမ်းများအတွက် စိတ်ပျက်ဖွယ် အတားအဆီးတစ်ခုလော ဟူသည်ကို အချို့က သိလိုကြသည်။
((အထင်ကရ မိုက္ကရိုမန်နေဂျာများ))
ကမ္ဘာပေါ်တွင် လုပ်ငန်းအလွန်အောင်မြင်သော်လည်း အလုပ်လုပ်ရန် ခက်ခဲသည်ဟု နာမည်ကြီးသော လုပ်ငန်းရှင်များစွာ ရှိနေသည်။
စတိဗ်ဂျော့သည် ဝန်ထမ်းများအပေါ် ရက်ရက်စက်စက် ထိန်းချုပ်မှုဖြင့် နာမည်ကြီးကြောင်း သူ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Steve Wozniak က ပြောသည်။
Elon Musk သည်လည်း ပြင်းထန်သော Work Culture ရှိမှုကြောင့် အချို့သော ဝန်ထမ်းတို့သည် ၁၂ နာရီ အဆိုင်း အလုပ်ဝင်ပြီးလျှင် ရုံးခန်းကြမ်းပြင်တွင် အိပ်စက်ကြရသည်။
Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်ကလည်း အလုပ်-ဘဝ မျှခြေဟူသော စကားမှာ အားနည်းစေသည့် စကားဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
၂၀၁၃ ခုနှစ်အတွင်း Amazon ၏ Delivery ယာဉ်မောင်းတို့က ၎င်းတို့၏ တာဝန်ချိန်အတွင်း အပေါ့သွားလိုပါက ကားရပ်ကာ အိမ်သာမဝင်ရဘဲ ဘူးထဲတွင်သာ သေးပေါက်ထည့်ခိုင်းသောကြောင့် Amazon ကို တရားစွဲခဲ့ ကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bill Gates used to memorize the license plate of every Microsoft employee to keep tabs on them — Paul
Allen says Gates would ‘prowl the parking lot.’ Is micromanagement really that bad? (finance)
Photo Credit: finance