- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြင်ဆင်စရိတ် ဈေးကြီးသော လျှပ်စစ်ကား (၄) မျိုး
ပြင်ဆင်စရိတ် ဈေးကြီးသော လျှပ်စစ်ကား (၄) မျိုး
- 769 views
လျှပ်စစ်ကား (EV) များဆီသို့ ကူးပြောင်းခြင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးကာ ဆီဖိုးကုန်ကျစရိတ် သက်သာစေသော ကောင်းကျိုးများ ရှိသည်။
ကားထုတ်လုပ်သူများစွာကလည်း လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း လျှပ်စစ်ကား ထုတ်လုပ်မှု တိုးမြှင့်မည်ဟု ကတိပြုထားကြသည်။
ထိုသို့ ကောင်းကျိုးများရှိသော်လည်း လျှပ်စစ်ကားတို့၏ အထူးထုတ်လုပ်ထားသော အစိတ်အပိုင်းများနှင့် အသုံးပြုထားသော အဆင့်မြင့် နည်းပညာတို့ကြောင့် သာမန်ကားတစ်စင်းထက် ပြင်ဆင်စရိတ် ပိုမိုများပြား စေသည်။
၁။ Tesla Model S
Tesla Model S သည် နည်းပညာအဆင့်မြင့်သော်လည်း ပြင်ဆင်စရိတ် မြင့်မားကြောင်း ၊ အဓိကအားဖြင့် အဆင့်မြှင့်ရှုပ်ထွေးသော ဘက်ထရီစနစ်ကြောင့်ဖြစ်ကြောင်း Car Triple သတင်းဌာနပိုင်ရှင် Patryk Doornebos က ပြောသည်။
Model S ၏ Autopilot System နှင့် ကြီးမားသော Touchscreen Interface တို့ကဲ့သို့ အဆင့်မြင့်သော Feature များမှာ ပြဿနာတစ်စုံတစ်ခုပေါ်ပါက ပြင်ဆင်ရန် (သို့မဟုတ်) လဲလှယ်ရန် ကုန်ကျစရိတ်များမည် ဖြစ်ကြောင်း CFR Classic မှ အရောင်းနှင့် ဈေးကွက်ဒါရိုက်တာ Joe Giranda က ပြောသည်။
၂။ Porsche Taycan
Porsche ကဲ့သို့ Luxury အမှတ်တံဆိပ်များလည်း လျှပ်စစ်ကားဈေးကွက်သို့ ဝင်ရောက်လာသည်။
Giranda က ထောက်ပြသည်မှာ Porsche Taycan လျှပ်စစ်ပြိုင်ကားသည်လည်း ပြင်ဆင်စရိတ်မြင့်မားသော ကားများတွင် ပါဝင်သည်ဟု ဆိုသည်။
Porsche Taycan ၏ ရှုပ်ထွေးသော အင်ဂျင်နီယာပညာ ၊ အထူးသီးသန့်ထုတ်လုပ်ထားသော ကားအစိတ်အပိုင်းများကြောင့် ထိုကားကို ပြင်ဆင်ရန် အထူးလေ့ကျင့်သင်ကြားထားသော ပညာရှင်များ လိုအပ်ရာ ထိုအချက်က ပြင်ဆင်စရိတ် မြင့်မားစေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၃။ Audi e-tron
EV ဈေးကွက်သို့ ဝင်ရောက်လာသော အခြားကားကုမ္ပဏီတစ်ခုမှာ Audi ဖြစ်ပြီး ၎င်း၏ ပထမဆုံး လျှပ်စစ်ကားမှာ e-tron အမည်ရှိ SUV ဖြစ်သည်။
Giranda က သတိပေးသည်မှာ ဤကားသည်လည်း ပြင်ဆင်စရိတ် များပြားနိုင်ကြောင်း ပြောသည်။
Audi က ထုတ်လုပ်သောကားများမှာ Performance ကောင်းရန်နှင့် Luxury ဖြစ်ရန် ဦးတည်လေ့ရှိရာ အဆင့်မြင့် အင်ဂျီနီယာစနစ်နှင့် အရည်အသွေးမြင့် ပစ္စည်းများ အသုံးပြုလေ့ရှိကြောင်း ၊ ထိုအချက်များကြောင့် ပြင်ဆင်စရိတ်နှင့် လဲလှယ်စရိတ် မြင့်မားစေကြောင်း ၎င်းကပြောသည်။
၄။ Rivian R1S
Audi e-tron GT နှင့် Rivian R1S ကဲ့သို့ လျှပ်စစ်ကားများကို နှစ်သက်သူများအနေဖြင့် ရေရှည်ကုန်ကျစရိတ် တွင် သာမန် EV များထက် ပိုမိုမြင့်မားမည်ကို သိရှိထားရန်လိုကြောင်း Redlands Mazda မှ Peter Niebling က ရှင်းပြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: These 4 Electric Vehicles Require Costly Maintenance