YBS မော်တော်ယာဉ်ကြီးမောင်း သင်တန်းလျှောက်လွှာများခေါ်ယူ

  • 594 views


ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်ကြီးတွေမှာ မောင်းနှင်လိုသူတွေအနေနဲ့ ယာဉ်ကြီးမောင်သင်တန်းလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်တယ်လို့ ရန်ကုန်ဘတ်(စ်)ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် YRTC မှ သိရပါတယ်။ 

အဲဒီသင်တန်းကို YRTC ရဲ့ကြီးကြပ်မှုနဲ့ အခုဇန်နဝါရီလ စတုတ္ထအပတ်ထဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီ YBS ခရီးသည်တင် ယာဉ်ကြီးမောင်းသင်တန်းကို အသက် (၂၅) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ (ခ)လိုင်စင် အနည်းဆုံး (၅) နှစ်သက်တမ်းနှင့် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမှာဖြစ်ပြီး အခြေခံယာဉ်မောင်းနှင်နိုင်မှုကို သင်တန်းကနေ စိစစ်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သင်တန်းကာလမှာ (၁) လဖြစ်ပြီး သင်တန်းသား (၅၀) ခေါ်ယူသွားမှာဖြစ်တယ်လို့လည်း YRTC မှ သိရပါတယ်။

ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ YPS ကတ်ကိုအသုံးပြုပြီး ယာဉ်စီးခပေးချေနိုင်တဲ့ ယာဉ်လိုင်းပေါင်း (၉၅) လိုင်း ယာဉ်အစီးရေ (၃၈၀၀) လောက်ရှိပါတယ်။ အခုလက်ရှိမှာ ရန်ကုန်မှာ YBS ယာဉ်လိုင်းပေါင်း (၁၃၂) လိုင်းပြေးဆွဲနေပြီး လိုက်ပါစီးနင်းတဲ့ခရီးသည် (၁) သန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com