- ပင်မစာမျက်နှာ
- ကားသတင်းများ
- Nio လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်သူကိုယ်တိုင် ကုမ္ပဏီထုတ် ၁၅၀ kWh ဘက်ထရီ တပ်ဆင်ထားသော ကားကို ၁၀၄၄ ကီလိုမီတာ အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့
Nio လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်သူကိုယ်တိုင် ကုမ္ပဏီထုတ် ၁၅၀ kWh ဘက်ထရီ တပ်ဆင်ထားသော ကားကို ၁၀၄၄ ကီလိုမီတာ အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့
- 140 views
Nio က ၎င်း၏ 150 kWh ဘက်ထရီမှာ ၁၀၄၄ ကီလိုမီတာထိ မောင်းနှင်နိုင်ကြောင်း ET 7 ကားမော်ဒယ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပြခဲ့သည်။
Nio လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်သူ William Li ကိုယ်တိုင် 150 kWh Semi Solid ဘက်ထရီကို အားတစ်ခါသွင်းထားရုံဖြင့် ကီလိုမီတာ ၁၀၄၄ လက်တွေ့မောင်းနှင်ပြခဲ့ခြင်း ဖြစ်သည်။
ထိုခရီးအကွာအဝေးမှာ ယနေ့အချိန်အထိ အလုံးအရင်း ထုတ်လုပ်ထားသော လျှပ်စစ်ကားများတွင် အကွာဝေးဆုံး သွားနိုင်သော ခရီးလည်း ဖြစ်သည်။
၁၅၀ kWh ဘက်ထရီကို အားတစ်ခါသွင်းထားပြီး စမ်းသပ်မောင်းနှင်ရာ ၁၀၄၄ ကီလိုမီတာ မောင်းနှင်နိုင်ခဲ့ ကြောင်း Nio တည်ထောင်သူ ၊ ဥက္ကဌ ၊ စီအီးအို ဝီလျံလီက ဒီဇင်ဘာလ ၁၇ ရက်ညတွင် ကြေညာခဲ့သည်။
ဝီလျံလီသည် ရှန်ဟိုင်းမြို့ရှိ ဘက်ထရီလဲသည့် နေရာတစ်ခုမှ မနက် ၆း၃၂ အချိန်တွင် ၁၅၀ kWh ဘက်ထရီ တပ်ဆင်ထားသော ET7 ဆီဒင်ကားဖြင့် စတင်ထွက်ခွာခဲ့ပြီး ဖူကျန်းပြည်နယ် ၊ Xiamen မြို့သို့ ည ၈း၃၃ အချိန် တွင် ရောက်ရှိခဲ့ရာ စုစုပေါင်း ၁၄ နာရီနှင့် ၁ မိနစ် မောင်းနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
၁၀၄၄ ကီလိုမီတာ မောင်းနှင်ပြီးချိန်အထိ ET 7 တွင် ဘက်ထရီအား ၃ ရာခိုင်နှုန်း ကျန်နေသေးပြီး ၃၆ ကီလိုမီတာ ဆက်လက်မောင်းနှင်နိုင်သေးသည်။
“ဒီခရီးအကွာအဝေး မောင်းနှင်နိုင်မှုဟာ ၁၅၀ KWh ခရီးဝေးသွား ဘက်ထရီရဲ့ စွမ်းအားကောင်းမှုကို သက်သေပြနေပါတယ်”ဟု ဝီလျံလီက Weibo လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“ဒီဘက်ထရီဟာ လက်ရှိအားဖြင့် ကမ္ဘာတစ်ဝန်း အလုံးအရင်းထုတ်လုပ်ထားတဲ့ ဘက်ထရီတွေအနက် စွမ်းအင် သိပ်သည်းမှု အမြင့်မားဆုံးဖြစ်ပါတယ်။ လုံခြုံရေး အကောင်းမွန်ဆုံးလည်း ဖြစ်ပါတယ်။ ပိုအရေးကြီးတဲ့ အချက်က ရောင်းချထားတဲ့ Nio ရဲ့ မော်ဒယ်တွေအားလုံးကို ဒီ ၁၅၀ KWh ဘက်ထရီလဲလှယ်လို့ ရပါတယ်။”
ဝီလျံလီသည် ၎င်းစမ်းသပ်မောင်းနှင်ခဲ့သော ခရီးစဉ်၏ ၉၂ ရာခိုင်နှုန်း (သို့မဟုတ်) ၉၅၇ ကီလိုမီတာတွင် Nio ၏ ADAS (Advanced Driver Assistance System) Software နှင့် Nop+(Navigate on Pilot Plus) များဖွင့်ကာ မောင်းနှင်ခဲ့သည်။
Nop+ သည် ယာဉ်မောင်းနှင်ရမှု စိတ်ဖိစီးခြင်းများကို ဖယ်ရှားပေးနိုင်သည့် အကောင်းဆုံးစွမ်းရည်ရှိရုံမျှမက ဓာတ်အားသုံးစွဲမှု ကြီးမားစွာ လျှော့ချပေးနိုင်စွမ်းလည်းရှိကြောင်း ဝီလျံလီက ပြောသည်။
ဝီလျံလီ စမ်းသပ်မောင်းနှင်ချိန်တွင် တရုတ်ပြည်၏ နေရာအများအပြားတွင် အအေးလှိုင်းဖြတ်နေပြီး ရှန်ဟိုင်းမြို့၏ အပူချိန်မှာ ၀ ဒီဂရီ ဆဲစီးယပ်အောက် ကျဆင်းနေသည်။
ဝီလျံလီ စတင်ထွက်ခွာချိန်တွင် ရှန်ဟိုင်းမြို့၏ အပူချိန်မှာ အနှုတ် ၂ ဒီဂရီ ဆဲစီးယပ်ရှိပြီး လမ်းတွင် ၁၂ ဒီဂရီ အပူချိန် မြင့်တက်လာကာ ကားတွင်းပျမ်းမျှ အပူချိန်မှာ ၂၀ ဒီဂရီ ဖြစ်သည်။
ET7 ကို ၁၂ ဒသမ ၄ နာရီ မောင်းနှင်ခဲ့ရာတွင် ဝီလျံလီက ၈ နာရီခန့် မောင်းနှင်ပြီး Nio ၏ ဒုတိယဥက္ကဌ Shen fei က ကျန်သည့်ခရီး မောင်းနှင်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nio finishes 150-kWh battery range challenge with 1,044 km (cnevpost)