ရန်ကုန်မြို့တွင် YBS ယာဉ်ရပ်နားကွင်းများတည်ဆောက်နေ

  • 106 views

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်တွေ ညအိပ်ရပ်နားတဲ့အခါလုံခြုံမှုရှိစေဖို့ YBS ယာဉ်ရပ်နားကွင်း(၁၅)ကွင်းကို တည်ဆောက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီကနေသိရပါတယ်။ အဲဒီယာဉ်ရပ်နားကွင်း(၁၅) ကွင်းကို ပြီးခဲ့တဲ့(၂၀၂၃) ခုနှစ်ကတည်းက တည်ဆောက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

YBS ကားတွေညအိပ်ရပ်နားတဲ့အခါ မြို့နယ်အလိုက်ပြေးဆွဲနေတဲ့ဂိတ်ရင်း ၊ ဂိတ်ဖျားတွေရှိတဲ့လမ်းပေါ်မှာ ညအိပ်ရပ်နားရတဲ့အတွက် ကားပစ္စည်း ဖြုတ်ခိုးခံရတာတွေ ၊ လမ်းပိတ်တာတွေရှိတဲ့အတွက် YBS ယာဉ်တွေ ရပ်နားဖို့ ကားဝန်းတည်ဆောက်ရတာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

ယာဉ်ရပ်နားဝန်းတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ပြေးဆွဲနေတဲ့ YBS ယာဉ်တွေကိုရပ်နားခွင့်ပြုသွားမှာ ဖြစ်ပြီး ယာဉ်ရပ်နားဝန်းတည်ဆောက်ပြီးစီးပါက သက်ဆိုင်ရာ YBS ယာဉ်တွေရဲ့ ဂိတ်စအဖြစ်အသုံးပြုသွားမှာ လည်းဖြစ်ပါတယ်။အဲဒီယာဉ်ရပ်နားဝန်းတွေကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ သာကေတ ၊ မြောက်ဥက္ကလာ ၊ ရွှေပေါက်ကံမြို့သစ် ၊ မင်္ဂလာဒုံ ၊ ထောက်ကြံ့ နဲ့ လှိုင်သာယာမြို့နယ်တွေမှာ တည်ဆောက်နေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com